ဒုရဲအုပ် ၁ ဦးသေဆုံး

September 15, 2021

နေပြည်တော် PDF က ပစ်ခတ်တိုက်ခိုက်သဖြင့် ဒုရဲအုပ် ၁ ဦးသေဆုံး

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ  စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက  နေပြည်တော်- PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်လို့  စစ်ကောင်စီလက်အောက်ခံ  ဒုရဲအုပ်တစ်ယောက် သေဆုံးသွားပါတယ်။

လယ်ဝေးမြို့နယ် ရှမ်းစုစစ်ဆေးရေးဂိတ်မှာ ပြည်သူတွေကိုနှိပ်စက်ပြီး စစ်ဆေးရေး ကြမ်းနေတာကြောင့် PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုရဲအုပ်တစ်ယောက် မျက်လုံးကို ကျည်ဆန်ဖောက်ဝင်ပြီးတော့ သေဆုံးသွားတာလို့  နေပြည်တော် PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

အများပြည်သူကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ လက်ပါးစေတွေအားလုံးကို  ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်အနေနဲ့  အမြစ်ပြတ် ချေးမှုန်းတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

1 month Ago
Up