ဒုမြို့တော်ဝန်

A d v e r t i s e m e n t With Us

February 3, 2021

နေပြည်တော် ဒုမြို့တော်ဝန်အပါအဝင် ကော်မတီဝင်များကို တာဝန်မှရပ်စဲ

နေပြည်တော် ဒုတိယမြို့တော်ဝန်  ဦးရဲမင်းဦး အပါအဝင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်တွေကို တာဝန်မှရပ်စဲလိုက်ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။ 

တာဝန်မှ ရပ်စဲလိုက်တဲ့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်တွေကတော့ ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်နဲ့ ဦးကျော်ဇင်လတ်တို့ ပါဝင်ပါတယ်။

ဒီကြေညာချက်ကို အာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းလိုက်တဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးဆိုသူ  ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်တာဖြစ်ပါတယ်။

နေပြည်တော်စည်ပင် ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးမင်းသူကတော့ အလုပ်တာဝန်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက  သက်ဆိုင်ရာကို စာရေးပေးပို့ထားပါတယ်။ 

“ကိုယ်တွေရဲ့ အကြီးအကဲတွေကို ဖယ်ရှားလိုက်တော့မှ ကိုယ်တွေကလည်း ဘာမို့လဲ။ သင်းတို့ လက်အောက်တော့မခစားတော့ဘူး။ နုတ်ထွက်လိုက်ပါပြီ”လို့ ဦးမင်းသူက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် နေအိမ်၊  အဆောင်အယောင်နဲ့ မော်တော်ယာဉ်ကိုလည်း  အမြန် ပြန်အပ်နိုင်ရေး စီစဉ် ဆောင်ရွက်နေပြီလို့  ရေးထားပါတယ်။

3 weeks Ago

April 6, 2020

နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ်များ လုံးဝခွင့်မပြုဟု ဒုမြို့တော်ဝန် ပြော

နေပြည်တော်ကောင်စီ နယ်မြေအတွင်း အခုနှစ်သင်္ကြန်ကာလမှာ အုန်းလက်မဏ္ဍပ်ကအစ မဏ္ဍပ်အကြီးရော မဏ္ဍပ်အသေးပါ လုံးဝ ခွင့်မပြုဘူးလို့ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။ မဏ္ဍပ်ဆိုတာ အကြီးမှ မဟုတ်ဘူး။ မဏ္ဍပ်အသေး အုန်းလက်မဏ္ဍပ်တောင်ခွင့်မပြုဘူး။ လက်ရှိ ကျနော်တို့ဘက်က ညွှန်ကြားချက်က ဒါပါပဲ။ သီးခြားထပ်ပြီးညွှန်ကြားချက် ထပ်ရောက်လာရင် ထပ်ပြီး ကြေညာမှာပါ။ လက်ရှိကတော့ ရေထွက်ပက်မယ့်ကိစ္စကို တားတဲ့ သဘောပါပဲ။ ရေထွက်မပက်ဖို့ မဏ္ဍပ်မဆောက်ဖို့ ကျနော်တို့ စည်ပင်သာယာက ကြီးကြပ်ပြီး ဆောင်ရွက်နေပါတယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ရေမထွက်မပက်ကြဖို့ တားမြစ်ရတာ ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ဖျားနာမှုတွေ မဖြစ်ပေါ်အောင် ကျန်းမာရေး သတိပြုနေထိုင်ကြဖို့ ကိုလည်း တိုက်တွန်းပြောပါတယ်။ သင်္ကြန်ဆိုတာ နှစ်တိုင်း ကြုံနေကြပါ၊ သင်္ကြန်ရောက်မှ နားရတယ်ဆိုပြီး အိမ်ထဲက အိမ်အပြင်မထွက်တဲ့သူတွေလည်း ရှိတာပေါ့။ အဲ့တုန်းကတော့ ဒီလိုပဲ နားခဲ့ပြီးတော့ အခု မထွက်ရဘူး ပြောတဲ့အခါကျမှ အခုထွက်ချင်တာ ဒါမျိုးလည်း ဖြစ်တတ်တာပေါ့။ လူ့စိတ်ကို။ လူ့စိတ်ဆိုတာ ခွင့်ပြုရင် တမျိုး၊ ခွင့်မပြုရင် တမျိုး။ ခွင့်မပြုရင် ပိုလုပ်ချင်တာကိုး။ ဒီအချိန်လေးတော့ နည်းနည်း ဆင်ခြင်ကြရမှာပေါ့။ ကျနော်တို့ထက် ခေတ်မီပြီး ငွေကြေးချမ်းသာတဲ့နိုင်ငံတွေတောင်မှ နေ့စဉ် ရာနဲ့ချီပြီး သေဆုံးတာ မြင်နေရတာပဲ။ ကျနော်တို့က အဲဒီအခြေအနေ မရောက်သေးဘူး။ ဒါကို အားလုံးကာကွယ်ရမယ်လို့လည်း ဦးရဲမင်းဦးက ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ပြည်ပက ပြန်လာသူတွေကို ကျန်းမာရေးအရ ၁၄ ရက် စောင့်ကြည့် စစ်ဆေးနေပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ၆၂၀ ဦးနဲ့ တပ်မတော်ရဲ့ ရွာတော် စစ်ကြောရေး တည်းခိုရိပ်သာ ၃ မှာ ၁၄၀ ဦးကို စောင့်ကြည့် စစ်ဆေးပေးနေပါတယ်။
11 months Ago
Up