ဒုတ္တန်ရပ်ကွက်

September 24, 2021

ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က ဇနီးမောင်နှံ ဖမ်းဆီးခံရ

ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ နေထိုင်တဲ့ ဇနီးမောင်နှံအား စက်တင်ဘာ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ၀န်းကျင်လောက်မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ  ရဲနဲ့ စစ်သားများက ဖမ်းခေါ်သွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ဖမ်းခေါ်သွားတဲ့ ဇနီးမောင်နှံက ဘာနိုင်ငံရေးမှမလုပ်ပါဘူး။ အမျိုးသမီးက လမ်းဘေးမှာ ဈေးဆိုင်လေးဖွင့်တာပါ။ သူ့အမျိုးသားက ပူတာအို MAM ၀န်ထမ်းတစ်ယောက်ပါ။ ဇနီးမောင်နှံရဲ့ အိမ်ကို ရဲနဲ့စစ်သားတွေက လာဝိုင်းပြီး ဖမ်းခေါ်သွားတယ်။ ခုချိန်ထိ ဘာကြောင့် ဖမ်းခေါ်သွားတယ်ဆိုတာ ဘယ်သူမှမသိဘူး။”

ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီက ဖမ်းဆီးထားတာ ၅ ဦးထိ ရှိလာပြီး မတရားဖမ်းဆီးခံရတဲ့အထဲ  အမျိုးသမီး ၃ ဦး ပါ၀င်နေတယ်လို့ သိရပါတယ်။

ပူတာအိုခရိုင်မှာ စက်တင်ဘာ ၂၀ ရက်‌နေ့ကစပြီး ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လှစ်ကာ သက်ကြီးရွယ်အိုတွေမကျန် ပြည်သူ့စစ်သင်တန်းကို အတင်းတက်ခိုင်းနေတယ်လို့ သိရပါတယ်။

1 month Ago
Up