သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက် ဒုံးကျည်ပစ်ခတ်စမ်းသပ်တာကို ခေါင်းဆောင် ကင်ဂျုံအန်း ကြီးကြပ်တဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားနိုင်ငံပိုင် KRT သတင်းဌာနက မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်တာကို ကြည့်ရှုနေချိန်မှာပဲ ကင်ဂျုံအန်းက စစ်ဘက်တိုက်ခိုက်ရေး စွမ်းရည် တိုးတက်အောင် ကြိုးပမ်းဖို့ ညွှန်ကြားခဲ့တယ်ဆိုပြီး KRT သတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားရဲ့ အဆင့်မြင့် ဒုံးကျည်စနစ်သစ်အတွက် ပြင်ဆင်နေပုံပေါ်တဲ့ အခု စမ်းသပ်ချက်တွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ကြီးထွားလာနေပါတယ်။
မေ ၉ ရက်နေ့က နိုင်ငံအနောက်မြောက်ပိုင်း ကူဆောင်းဒေသကနေ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ဒုံးကျည် နှစ်စင်းဟာ အမြင့် ကီလိုမီတာ ၅၀ ကနေ အကွာအဝေး ကီလိုမီတာ ၄၂၀ နဲ့ ၂၇၀ ပျံသန်းပြီး ပင်လယ်အတွင်း ကျဆင်းခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။
4 years Ago