ဒုတိယအများဆုံးနိုင်ငံ

February 28, 2020

အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၆ ဦး ရှိပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြီးရင် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဟာ အီရန်  ဖြစ်ပါတယ်။  ဖေဖော်ဝါရီ ၂၇ ရက်အထိ အီရန်မှာ သေဆုံးသူ  ၂၆ ယောက်အထိ ရှိလာပြီး စုစုပေါင်း ကူးစက်ခံရသူဟာ အကြီးတန်းအရာရှိတွေအပါအဝင်  ၂၄၅ ယောက်ရှိပါတယ်။ ကူးစက်ခံရသူတွေထဲမှာ အီရန်အမျိုးသမီးနဲ့ မိသားစုရေးရာ ဒုဥက္ကဋ္ဌ မက်ဆွန် အက်ဘ်တယ်ခါနဲ့ ကျန်းမာရေးဒုဝန်ကြီး အာရက်ချ် ဟာရီရာချီ တို့ပါဝင်ပါတယ်။ အက်ဘ်တယ်ခါဟာ ဗိုင်းရပ်စ်ကူးစက်ခံရပေမယ့် သိပ်မပြင်းထန်တာမို့ ဆေးရုံမတက် တက်ရောက်ခဲ့ပါဘူး။  ဗိုင်းရပ်စ်ကူးစက်နေတာကြောင့် အာဏာပိုင်တွေက မြို့တော်တဟီရန်အပါအဝင် မြို့အများအပြားမှာ သောကြာနေ့ဝတ်ပြုပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။  အီရန်အစိုးရဟာ တရုတ်နိုင်ငံသားတွေ နိုင်ငံတွင်း ဝင်ရောက်ခွင့် တားမြစ်ထားတယ်လို့လည်း နိုင်ငံပိုင် IRNA  သတင်းဌာနက ပြောဆိုခဲ့ပါတယ်။  အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးတဲ့နှုန်းဟာ တခြားနိုင်ငံတွေထက် ပိုမိုမြင့်မား ပါတယ်။  အဲဒါဟာ လက္ခဏာမပြင်းထန်တဲ့ ကူးစက်ခံရသူတွေကို  စောင့်ကြည့်စနစ်က စာရင်းမယူတာ ကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။ 
1 year Ago
Up