ဒုတိယအကြိမ်လော့ဒေါင်း

September 18, 2020

ကိုဗစ်-၁၉ တကျော့ပြန်ကူးစက်လာဖြင့် အစ္စရေးတွင် ဒုတိယအကြိမ်လော့ဒေါင်းချ

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်တဲ့လူနာတွေ  တကျော့ပြန်ပေါ်လာတာမို့ စက်တင်ဘာ ၁၈ ရက်ကစပြီး နိုင်ငံတဝန်း ဒုတိယအကြိမ် လော့ဒေါင်းချလိုက်တယ်လို့ သိရပါတယ်။ လော့ဒေါင်းချချိန်ဟာ ဂျူးဘာသာဝင်တွေရဲ့အားလပ်ရက်ရာသီနဲ့  တိုက်ဆိုင်နေပြီး နိုင်ငံသားအများစုဟာ နေအိမ်မှာပဲ နေရမှာပါ။  ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းတုန်းကလည်း လော့ဒေါင်းချခဲ့ပြီး အသစ်ကူးစက်တာတွေ လျော့သွားတဲ့ မေလမှာ လော့ဒေါင်းကို ဖြေလျှော့ခဲ့ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ နေ့စဉ်ကူးစက်သူတွေက ၅၀၀၀ ကျော်အထက်မှာ ရှိနေပြီး ဖြေလျှော့မှုတွေကို စောပြီး လုပ်မိတာကို  အစ္စရေးခေါင်းဆောင်ပိုင်းတွေ  ဝန်ခံခဲ့ပါတယ်။  စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ နောက်တကြိမ် လော့ဒေါင်းချတဲ့အပေါ် အစ္စရေး ပြည်သူတွေ ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။  လူဦးရေ ‌၉ သန်းရှိတဲ့ အစ္စရေးမှာ ကိုဗစ်-၁၉ ရောဂါစဖြစ်ကတည်းက ကိုဗစ်ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်ရှိတယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။  
8 months Ago
Up