ဒုတိယသက်တမ်း

December 10, 2020

လက်ရှိဂါနာသမ္မတ ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရ

ဂါနာနိုင်ငံရွေးကောက်ပွဲမှာ လက်ရှိသမ္မတ နာနာအာဖူကိုအက်ဒိုက ဒုတိယ ၄ နှစ်သက်တမ်း အတွက် အနိုင်ရတယ်လို့  ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။ အကြိတ်အနယ်ရှိလှတဲ့ ရွေးကောက်ပွဲမှာ အက်ဒိုက ထောက်ခံမဲ ၅၁ ဒသမ ၅၉ ရာခိုင်နှုန်း ၊ ပြိုင်ဘက် ဂျွန်မဟာမာက ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း ရခဲ့တာပါ။  ဂျွန်မဟာမာက ရွေးကောက်ပွဲမှာ သူက ဦးဆောင်ခဲ့ပြီး မဲခိုးတာတွေ  မရှိလောက်ဘူး  မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။  သမ္မတ အာဖူကို-အက်ဒိုက အနောက်အာဖရိကရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဂါနာမှာ စီးပွားရေးတိုးတက်စေဖို့  အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အစီအစဉ်ကို အကောင် ထည်ဖော်ဖို့  ကတိပြုထားပါတယ်။  ကပ်ရောဂါကြောင့် ဂါနာမှာ  ဒီနှစ်အဖို့ ရေနံဈေးနဲ့ ကိုကာတင်ပို့မှု ထိခိုက်ခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမ ၃ လပတ်ရဲ့ စီးပွားရေး ကျုံ့ဝင်သွားခဲ့ပါတယ်။ ထပ်မံရွေးကောက်ခံရတဲ့ အာဖူကို အက်ဒိုအနေနဲ့  အစိုးရအသုံးစရိတ်နဲ့  နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့  သတိပေးချက်တွေကို ထိန်းကျောင်း ကိုင်တွယ်ဖို့ ဖိအားပေးခံရမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။  
4 months Ago
Up