ဒုတိယမြောက်သားတော်

October 27, 2020

ဘရူနိုင်းဘုရင်၏ ဒုတိယမြောက်သားတော် ကွယ်လွန်

ဘရူနိုင်းဘုရင်ရဲ့သားတော် အသက် ၃၈ နှစ်အရွယ် တော်ဝင်မင်းသား အက်ဇင်းမ်ဟာ အောက်တိုဘာ ၂၄ ရက် ကွယ်လွန်သွားပြီး မနေ့ကတော့ တော်ဝင်မင်းသား အက်ဇင်းမ်ရဲ့ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်လိုက်ပါတယ်။  မင်းသားအက်ဇင်းမ်ဟာ ဘရူနိုင်းဘုရင်ရဲ့ ဒုတိယမြောက်သားတော်ဖြစ်ပြီး ထီးနန်းကို ဆက်ခံမယ့် စတုတ္ထနေရာမှာ ရှိပါတယ်။ သူဟာ ဘရူနိုင်း နိုင်ငံတကာကျောင်း၊ ရာဖဲလ်အင်စတီကျူ့နဲ့ အော့စဖို့ဒ်ဘရွတ်ခ် တက္ကသိုလ်တို့မှာ ပညာသင်ယူခဲ့ပါတယ်။  နောက်ပြီး သူဟာ ဆင်းဟတ်စစ်တက္ကသိုလ်မှာ ၉ လတာ စစ်ပညာကိုလည်း သင်ယူခဲ့ဖူးပါတယ်။  တော်ဝင်မင်းသားအက်ဇင်းမ်ဟာ ရုပ်ရှင်ပရိုဂျူဆာတစ်ဦးဖြစ်ပြီး သူ သေဆုံးရတဲ့ အကြောင်းရင်းကို တော်ဝင်နန်းတော်က ကြေညာခြင်း မပြုပါဘူး။  သူ့ရဲ့ ရုပ်အလောင်းကို မြို့တော် ဘန်ဒါဆရီဘန်ဂါဝန်က တော်ဝင်ဂူဗိမာန်မှာ  မြှုပ်နှံထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago
Up