ဒုတိယမြောက်လူနာ အမျိုးသမီး

A d v e r t i s e m e n t With Us

April 18, 2020

ကလေးမြို့က COVID-19 ဒုတိယမြောက်လူနာ အမျိုးသမီး၏ နေအိမ်အနီးဝန်းကျင် အသွားအလာ ကန့်သတ်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ COVID -19 ရောဂါ ဒုတိယမြောက်အတည်ပြု အမျိုးသမီး လူနာရဲ့ နေအိမ်အနီးဝန်းကျင် ရပ်ကွက်နဲ့ လမ်း‌တွေကို ဧပြီ ၁၇ ရက်နေ့ ည ၉:၀၀ နာရီက စတင်ပြီး အသွားအလာကန့်သတ်လိုက်ပါတယ်။ “ဒီအမျိုးသမီးကလည်း နေအိမ်စောင့်ကြည့်နဲ့ထားတဲ့ အမျိုးသမီးပဲ။ ပထမ တီးတိန်လူနာနဲ့ ဆက်စပ်တာပါ။ ဘာဖြစ်လို့ လမ်းတွေပိတ်ပစ်ရတာလဲဆိုတော့ အဲ့ဒီအမျိုးသမီးက အိမ်မှာမနေဘဲ လမ်းတွေ ထွက်ခဲ့လို့ ပိတ်ပစ်တာ” လို့ တာ၀န်ရှိသူတဦးက ပြောပါတယ်။ အသွားအလာကန့်သတ်သော နယ်မြေတွေအဖြစ် တောင်ဖီလာရပ်ကွက်၊ ဂေါက်ကွင်းလမ်း ( အ.ထ.က-၂ လမ်း) ပေါ်ရှိ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းထိပ်ကနေ ချယ်ရီလမ်းထိပ်အထိ၊ အမှတ်‌ ၅ လမ်း လမ်းသွယ်နဲ့ ပိုးတွေ့ရှိသူရဲ့ အိမ်နောက်ကျောဘက် အ.လ.က ၂ ကျောင်းဝင်းတို့ကို အသွားအလာကန့်သတ်တဲ့ နယ်မြေတွေ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအတည်ပြုလူနာ အမျိုးသမီးဟာ တီးတိန်မြို့နယ်က လူနာ အမှတ် ၁ နဲ့ ဆက်နွှယ်မှုကနေ ကူးစက်ခဲ့တာလို့ သိရပြီး ကလေးမြို့အတွင်း COVID -19 ရောဂါပိုးတွေ့လူနာ ၂ ဦး ရှိပြီဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
11 months Ago
Up