ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာ တွေ့ရှိတယ်လို့ ထိုင်းအစိုးရက ဇန်နဝါရီ ၁၇ ရက်မှာ အတည်ပြုပြောကြားပါတယ်။
ထိုင်းအစိုးရဟာ တရုတ်ခရီးသွားတွေအပေါ် စစ်ဆေးတာတွေ အရှိန်မြှင့်လုပ်ခဲ့ပြီး လာမယ့် လူနာနှစ်သစ်ကူး ပိတ်ရက်အတွင်း တရုတ်ခရီးသွား ၁ သန်းနီးပါး လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။
အခုတွေ့ရှိတဲ့ လူနာဟာ အသက် ၇၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြိး ထိုင်းနိုင်ငံကို စရောက်ကတည်းက သူ့ကို သီးခြားကြပ်မတ်စောင့်ရှောက်ထားတယ်လို့ ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန်က ပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ပွားတာမရှိဘဲ စိုးရိမ်ထိတ်လန့်မနေဖို့ သူက ထိုင်းပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုကြီး တမျိုးဖြစ်ပြီး သာမန်အဖျားကနေ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ဆားစ်) အထိ ကူးစက်နိုင်ပါတယ်။
အဲဒီဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်က ဝူဟန်မြို့မှာ စတင်တွေ့ရှိပြီး သေဆုံးသူ နှစ်ယောက်ရှိသွားပါပြီ။
မကြာသေးခင်ရက်ကလည်း ဂျပန်နိုင်ငံမှာ အဲဒီဗိုင်းရပ်စ်ကူးစက်ခံရသူကို ပထမဆုံးတွေ့ရှိပေမယ့် သူဟာ ပြန်ကောင်းမွန်လာခဲ့ပါတယ်။
ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေဟာ ဝူဟန်မြို့ကနေလာတဲ့ လေယာဉ်တွေဆိုက်ရာ လေဆိပ် ၄ ခုမှာ ရောဂါစောင့်ကြည့် ထိန်းချုပ်တာတွေ အရှိန်မြှင့်လုပ်နေပါတယ်။
3 years Ago