တရုတ်နိုင်ငံဟာ လမျက်နှာပြင်ပေါ်မှာ အလံစိုက်ထူတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။
လမျက်နှာပြင်ပေါ် အမေရိကန်နိုင်ငံအလံ စိုက်ထူပြီး နှစ်ပေါင်း ၅၀ ကျော်အကြာ ဒီဇင်ဘာ ၄ ရက်က တရုတ်က စိုက်ထူခဲ့တာပါ။
တရုတ်အမျိုးသားအာကာသအုပ်ချုပ်ရေးဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ လေမရှိတဲ့ လမျက်နှာပြင်ထက် ကြယ် ၅ ပွင့်ပါ အနီရောင် တရုတ်နိုင်ငံအလံကို တွေ့ရပါတယ်။
အဲဒီဓာတ်ပုံတွေကို ချန်ဂီ-၅ အာကာသစူးစမ်းရေးယာဉ် ကင်မရာကနေ ရိုက်ကူးခဲ့တာပါ။
အဲဒီနောက် စူးစမ်းရေးယာဉ်က လမျက်နှာပြင်ပေါ်က နမူနာကျောက်ခဲတွေကို ယူပြီး ပြန်လာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အရင် လသွား မစ်ရှင် ၂ ခုမှာတော့ ခုလို လမျက်နှာပြင်ပေါ် အလံစိုက်ထူတာမျိုး မရှိခဲ့ပါဘူး။
၁၉၆၉ ခုနှစ်က လူလိုက်ပါတဲ့ အပိုလို ၁၁ လသွားမစ်ရှင်အတွင်း ပထမဆုံး အမေရိကန် အလံကို စိုက်ထူခဲ့တယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
5 months Ago