ဒုတိယကမ္ဘာစစ်ဗုံး

February 13, 2018

ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး တွေ့ခဲ့ပြီးနောက် လန်ဒန်စီးတီးလေဆိပ်ကို ပိတ်

လန်ဒန်မြို့ သိမ်းစ်မြစ်အတွင်း ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့က လန်ဒန်စီးတီးလေဆိပ်ကို ပိတ်ခဲ့ပါတယ်။ အဲဒီ စစ်လက်ကျန်ဗုံးကို ပဉ္စမမြောက် ဂျော့ခ်ျ သင်္ဘောကျင်းမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူတဦးက ဆိုပါတယ်။ စစ်လက်ကျန်ဗုံးကို  တွေ့ရှိပြီးနောက် မီတာ ၂၀၀ ပတ်လည် ဘေးကင်းမဲ့ဇုန်တခု တည်ဆောက်ခဲ့ပြီး မီတာ ၂၀၀ ပတ်လည်အတွင်း အဆောက်အဦတွေက လူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကာ လမ်းအများအပြားကိုလည်း သွားလာမှု ပိတ်ပင်ခဲ့ပါတယ်။ “လေဆိပ်တာဝန်ရှိသူတွေဟာ ဘေးကင်းစွာ ဗုံးဖယ်ရှားရေးနဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ လန်ဒန်ရဲတပ်ဖွဲ့၊ တော်ဝင်ရေတပ်တို့နဲ့အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်” လို့ လန်ဒန်စီးတီးလေဆိပ် စီးအီးအို ရောဘတ်ဆင်ကလဲယားက ပြောပါတယ်။ အဲဒီ လန်ဒန်စီးတီးလေဆိပ်ဟာ ဗြိတိန်နိုင်ငံမှာ ပဉ္စမမြောက် အကြီးဆုံးနဲ့ အချက်အခြာအကျဆုံး လေဆိပ်ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up