ဒုတိယကမ္ဘာစစ်စတင်သည့်သတင်း ဖော်ပြခဲ့သည့် ဗြိတိန်စစ်သတင်းထောက် ကွယ်လွန်

January 11, 2017

ဒုတိယကမ္ဘာစစ်စတင်သည့်သတင်း ဖော်ပြခဲ့သည့် ဗြိတိန်စစ်သတင်းထောက် ကွယ်လွန်

ဒုတိယကမ္ဘာစစ်စတင်ခဲ့တဲ့သတင်းကို အရင်ဆုံးဖော်ပြခဲ့တဲ့ ဗြိတိန်စစ်သတင်းထောက်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့က ဟောင်ကောင်မှာ ကွယ်လွန်သွားပါတယ်။ နာဇီဂျာမနီတွေ ပိုလန်နိုင်ငံကို စတင်ဝင်ရောက်သိမ်းပိုက်တဲ့သတင်းကို စစ်သတင်းထောက် ကလာရာ ဟော်လင်းဝေါ့သ် (Clare Hollingworth) က ပထမဆုံး ဖော်ပြခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၁၀၅ နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ၁၉၁၁ ခုနှစ်က ဗြိတိန်နိုင်ငံ၊ လက်ဆက်စတာမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ စစ်သတင်းထောက် သက်တမ်းတလျှောက် ဗီယက်နမ်နိုင်ငံ၊ အယ်ဂျီရီးယားနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ သတင်းတွေ ပေးပို့ခဲ့တာပါ။ သူ့ရဲ့သတင်းကို ၂၀ ရာစုရဲ့ ထိပ်တန်းအဦးဆုံးသတင်းအဖြစ် ဖော်ပြခဲ့တုန်းက ဟော်လင်းဝေါ့သ်ဟာ ဗြိတိန်သတင်းစာကြီး ဒေးလီးတယ်လီဂရပ်ဖ်ရဲ့ အလုပ်သင်သတင်းထောက်ဘဝပဲ ရှိပါသေးတယ်။ ဟော်လင်းဝေါ့သ်ဟာ ၁၉၃၉ ခုနှစ်အတွင်း ပိုလန်နိုင်ငံကနေ ဂျာမနီနိုင်ငံကို ခရီးသွားနေတဲ့အချိန် ပိုလန်နယ်စပ်မှာ ဂျာမနီတင့်ကားတပ်တွေ အင်နဲ့အားနဲ့ ချထားတာကို တွေ့ရှိ သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up