ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးကြီးကို ပင်လယ်ထဲ ဖောက်ခွဲ

A d v e r t i s e m e n t With Us

November 4, 2015

ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးကြီးကို ပင်လယ်ထဲ ဖောက်ခွဲ (ရုပ်သံ)

ဗုံးရှင်းလင်းရေး အဖွဲ့တဖွဲ့ဟာ ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ် စီဗက်စတိုပို ဆိပ်ကမ်းမြို့ ကမ်းရိုးတန်းမှာ ဗုံးကြီးတလုံးကို နိုဝင်ဘာ ၃ ရက်နေ့က ထိန်းချုပ် ဖောက်ခွဲ လိုက်ပါတယ်။ ဒီဗုံးဟာ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးဖြစ်ပြီး ၁ ဒသမ ၇ တန်လေးကာ ဆိပ်ကမ်းမြို့ ပင်လယ်အော်မှာ ရှာတွေ့ခဲ့တာပါ။ ဗုံးကို လူထူတဲ့ ဒေသကနေ ဝေးရာ ပင်လယ်ဘက်ဆီ သတိထား ဆွဲယူ လာခဲ့ပြီးမှ ဘေးကင်းကင်း ဖောက်ခွဲခဲ့ပါတယ်။ ဒေသခံတွေကို ကာကွယ်ဖို့ ခုလို ဖောက်ခွဲတာဖြစ်ကြောင်း စီဗက်စတိုပို အရေးပေါ် ဝန်ဆောင်မှု အထူးတပ်ဖွဲ့ အကြီးအကဲ နီကိုလိုင် တီစယ်လ်စကီက ပြောပါတယ်။ တွက်ချက်မှုတွေအရ ယမ်းအားပေါက်ကွဲမှုဟာ အချင်း ၂ ကီလိုမီတာပတ်လည် ဧရိယာကို အန္တရာယ်ရှိစေတယ်၊ ဒါကြောင့် ပေါက်ကွဲမှုက ထွက်လာမယ့် အပိုင်းအစတွေကို ရှောင်ဖို့နဲ့ အနီးပတ်ဝန်းကျင်ကို လှိုင်းတိုတွေ ရိုက်ခတ်မှုကနေ ကာကွယ်ဖို့ ရေအနက် ဘယ်လောက်မှာ ဖောက်ခွဲမယ်ဆိုတာ ရွေးခဲ့တယ်လို့ သူက ပြောပါတယ်။ ပညာရှင် ရေငုပ်သမားတွေက ဗုံးကို ပင်လယ်တွင်း လိုအပ်တဲ့အနက်ထိ ရောက်အောင် မြှုပ်ပြီးမှ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ဘေးကင်းတဲ့ အကွာအဝေးကနေ ဗုံးကို ခွဲခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် လေထဲကို မီတာ ၈၀ မြင့်တဲ့ ရေပန်းတခု ထွက်ပေါ်ခဲ့ပါတယ်။
5 years Ago
Up