ဒုတိယကမ္ဘာစစ်

June 15, 2019

ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်အရိုးများ မော်လူးတွင် တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး မော်လူးမြို့အနီးမှာ ဒုတိယက္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည် အရိုးများတွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ ဒုတိယက္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ ဂျပန်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေ ရှာဖွေနေတဲ့ ဂျပန်နိုင်ငံသား Mr. Imoto  ဟာ ဇွန် ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း မော်လူးမြို့နယ် ဦးရဲတင့်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှ ဂျပန်စစ်သည်တဦးရဲ့ ရုပ်ကြွင်းအား ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒုတိယက္ဘာစစ်အတွင်းက အင်္ဂလိပ်တပ်တွေ မော်လူးမြို့အနီးရှိ ဘုရားလေးတောင်ကုန်းမှာ White City အဖြစ် တပ်စွဲထားခဲ့စဉ်က ဂျပန်တပ်တွေနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျပန်စစ်သည်အချို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံသား Mr. Imoto ဟာ ဂျပန်စစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုများကိုယ်စား ရုပ်ကြွင်းတွေ ရှာဖွေရာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။  ဂျပန်နိုင်ငံမှ ကျန်ရစ်သူမိသားစုတွေအနေနဲ့ ရိုးရာအတိုင်း ရုပ်ကြွင်းတွေကို ကန်တော့နိုင်ဖို့ ကိုယ်ချင်းစာစိတ်နဲ့ ရှာဖွေပေးနေတာဖြစ်ကြောင်း၊ ရုပ်ကြွင်းရှာဖွေတွေ့ရှိတဲ့ နေရာအား စမ်းသပ်တူးဖော်မှုသာ ပြုလုပ်ထားပြီး နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းမှုနဲ့ ဂျပန်နိုင်ငံ ပြန်သယ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2 years Ago

September 24, 2018

ဖားကန့်မြို့နယ်၌  ဒုတိယကမ္ဘာစစ်လက်ကျန် တင့်ကားပျက် ၁ စီး တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက လက်ကျန်လို့ ယူဆရတဲ့ တင့်ကားပျက် ၁ စီးကို စက်တင်ဘာ ၂၂ ရက်မှာ နယ်မြေခံတပ်ရင်း တပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့ထံက သိရပါတယ်။ အဆိုပါတင့်ကားပျက်ကို  ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့အပိုင်နယ်မြေထဲရှိ ဝါရာဇွတ်ရွာရဲ့ အနောက်မြောက်ဘက် လီဒိုလမ်းမကြီးနဲ့ ၃ ဖာလုံလောက်အကွာ နန်ဆန်ချောင်းထဲမှာ အမှတ်(၂၉၇) ခြေမြန်တပ်ရင်းက တပ်မတော်သားတွေက တွေ့ရှိခဲ့တာပါ။ တပ်မတော်သားတွေ တင့်ကားပျက်ကို မနက် ၁၀ နာရီလောက်က ဘက်ဟိုးယာဉ်နဲ့ ဆယ်ယူခဲ့ရာ ညနေ ၄ နာရီအချိန်မှာ ချောင်းကမ်းပါးပေါ် တင်ဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါတင့်ကားပျက်ဟာ အလျား ၁၆ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေ ရှိပါတယ်။ တင့်ကားပျက် ကမ်းပေါ်ရာက်ရှိသွားပြီဖြစ်လို့ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကို  ဆက်လက်တင်ပြသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ သတင်း-ခင်သန်းညွန့်  
3 years Ago
More News
Up