ဒုတိယ

August 16, 2015

ဒုတိယ ကမ္ဘာစစ်အတွင်းက ကျားပျံတပ်ဖွဲ့၏ ခေါင်းဆောင်(ရုပ်သံ)

ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်လေတပ်မတော်မှာတာဝန်ထမ်းဆောင်ဖို့ အမေရိကန်လေယာဉ်မောင်း ၁၀၀ နဲ့ နည်းပညာရှင် ၂၀၀ ကို စေတနာ့ဝန်ထမ်းခေါ်ယူခဲ့ပါတယ်။ သူတို့ရဲ့ အဓိကမစ်ရှင်ကတော့ ဂျပန်ကိုအောင်နိုင်ရေးအတွက် ကူညီဖို့ပါပဲ။ သူတို့ဟာ တချိန်က “ပျံသန်းနေတဲ့ ကျားတွေ”အဖြစ် အမည်သညာတွင်ခဲ့ကြတာပါ။ ၁၉၃၀ ပြည့်နှစ်တွေမှာ ဂျပန်နိုင်ငံရဲ့ လေကြောင်းက အညှာအတာမဲ့ တိုက်ခိုက်မှုတွေကို တရုတ်နိုင်ငံဟာ ကြံ့ကြံ့ခံခဲ့ရပါတယ်။ ၁၉၃၇ ခုနှစ်မှာ တရုတ်နိုင်ငံကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်လေတပ်မှ ဗိုလ်ကြီး ကလဲရ်လီချန်နော့ဟာ တရုတ်နိုင်ငံ လေတပ်အကြံပေးအရာရှိချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံအနေနဲ့ တရုတ်စစ်တပ်အတွက် ငွေအင်အား၊ လူအင်အားနဲ့ စစ်ဘက်ဆိုင်ရာတွေမှာ ကူညီဖို့ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်အား ၃၀၀ ကျော်ပါဝင်တဲ့ တရုတ်လေတပ်ယူနီဖောင်း ၀တ် အမေရိကန်စေတနာ့ ၀န်ထမ်းလေတပ်မတော် (အေဗွီဂျီ) ကိုဖွဲ့စည်းခဲ့ပါတယ်။ ချန်းချန်မိန်းဟာ အဲဒီအချိန်တုန်းက အမေရိကန်နဲ့ တရုတ်စစ်ဘက်ဆိုင်ရာ သတင်းထောက်တဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ကလဲရ်လီချန်နော့နဲ့ လက်ထပ်ခဲ့ပါတယ်။ “သူဟာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး သူ့အလုပ်အပေါ်အာရုစိုက်တဲ့သူတယောက်ပါ။ ပြီးတော့ တရုတ်နိုင်ငံနဲ့ လူမျိုးတွေကိုလည်း တကယ့်ကို ချစ်တဲ့သူတယောက်ပါ” လို့ ကလဲရ်လီချန်နော့က စီစီတီဗွီသတင်းဌာနကို ပြောပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်နိုင်ငံမဟာဗျူဟာအနေနဲ့ ရန်သူ တိုက်လေယာဉ် တွေနောက်ကနေ ထိုးဖြတ်တိုက်ခိုက်နိုင်ဖို့ရည်ရွယ်ခဲ့တာပါ။ ပုလဲဆိပ်ကမ်းဗုံးခွဲတိုက်ခိုက်မှုအပြီး ၁၂ ရက်အကြာမှာ ချန်နော့ရဲ့တပ်ဖွဲ့တွေဟာ ကူမင်းမြို့ကို ဦးတည်နေတဲ့ ဂျပန်တိုက်လေယာဉ်တွေကို တိုက်ခိုက်ဖို့ စတင်ခဲ့ပါတယ်။ နောက်ထပ် ၇ လကျော်လောက်ကြာပြီးတဲ့နောက်မှာတော့ “ပျံသန်းနေတဲ့ ကျား တွေ” လို့အမည်တွင်တဲ့ အေဗွီဂျီဟာ ရန်သူတိုက်လေယာဉ် ၃၀၀ နီးပါးကို ချေမှုန်းနိုင်ခဲ့ပါတယ်။ ကလဲရ်လီချန်နော့ရဲ့ ဆယ်ယောက်မြောက်အငယ်ဆုံးသမီးဖြစ်တဲ့ စင်သီယာချန် နော့က “ကျမညီမအပါအ၀င် လူတွေကျမကိုလာတွေ့ကြတယ်။ စစ်အတွင်းတုန်းက သူ့ကို သိကြသူတွေဟာ အဲဒီအကြောင်းတွေပြောရင်းငိုကြတယ်”လို့ ပြောပါတယ်။ အဲဒီတုန်းကအခြေအနေဖြစ်ရပ်မှန်ပေါ်ကို အခြေတည်ပြီး ဟောလိဝုဒ်က စူပါမင်း သား ဂျွန်ဝိန်းနဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီရုပ်ရှင်မှာ ချန်နော့နဲ့ သူ့ရဲ့တပ်သား တွေရဲ့ သူရဲကောင်းဆန်တဲ့လှုပ်ရှားမှုတွေကို သဘာဝကျကျရိုက်ကူးခဲ့ကြတာပါ။ “ကျမတို့နှစ်ပေါင်းများစွာ သစ္စာရှိရှိနေခဲ့ကြပါတယ်။ အတူတူရှိခဲ့တဲ့အချိန်တွေဟာ ကျမဘ၀မှာအပျော်ဆုံးအချိန်တွေပါပဲ။ အဲဒီအချိန်တွေမှာ သူနဲ့အတူတူရှိခဲ့ကြပြီး အလုပ် အတူတူလုပ်ခဲ့ရတဲ့အတွက် သူ့ကိုကျေးဇူးတင်တယ်”လို့ “ပျံသန်းနေတဲ့ ကျားတွေ”ရဲ့ ခေါင်းဆောင် ကလဲရ်လီချန်နော့ရဲ့ဇနီး ချန်းချန်မိန်း(အန်နာချန်နော့)ကပြောပါတယ်။  
6 years Ago
Up