ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ၁ ဦးသေဆုံး

September 17, 2021

မတူပီမြို့တွင် အချင်းချင်းပစ်ခတ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ၁ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့မှာတပ်စွဲထားတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကသာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၀၉) က အရာရှိဗိုလ်မှူးတစ်ယောက်နဲ့ စစ်သည်တစ်ယောက်တို့  စက်တင်ဘာလ ၁၆ ရက် ည ၁၂ နာရီလောက်မှာ အချေအတင်စကားများပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးသေဆုံးသွားခဲ့ပါတယ်။

နေရာမှာတင်သေဆုံးသွားခဲ့တဲ့ ခမရ ၃၀၉ ဒုတပ်ရင်းမှူးအလောင်းကို မတူပီမြို့နယ်ဆေးရုံမှာ ထားရှိတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ဒီဗွီဘီ သတင်းဌာနကို ပြောပါတယ်။ 

ဒုတပ်ရင်းမှူးက အဲဒီမြို့နယ်က တော်လှန်ရေးအဖွဲ့တွေကို စစ်ဆင်ရေးထွက်ခိုင်းတဲ့အခါမှာ စစ်သည်က မတိုက်ခိုက်လိုကြောင်းပြောရာကနေ စကားများပြီး  အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

2 years Ago
Up