ဒုတပ်ကြပ်တစ်ဦး

April 3, 2021

ကျိုင်းတုံမြို့နယ်က ဒုတပ်ကြပ်တစ်ဦး CDM တွင် ပူးပေါင်းပါဝင်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသက်တမ်း ၁၈ နှစ်ဝန်းကျင်ရှိ တပ်မတော်သား  ဒုတပ်ကြပ်တစ်ဦး အာဏာဖီဆန်​ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ ဇာတိမွေးဖွားပြီး ကျိုင်းတုံမြို့နယ် စ.ခ.က (စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံ ခမရ  ခြေမြန်တပ်ရင်း ၅၇၄  မှာ  တာဝန်ထမ်းဆောင်နေသူ ဒုတပ်ကြပ် ကျော်မိုးလင်းဟာ မတ် ၂၅ ရက်ကစပြီး CDM မှာ ပါဝင်လာခဲ့တာပါ။

၁၈ နှစ်တာကာလ စစ်မှုထမ်းခဲ့တဲ့ ရာထူးနဲ့ သက်တမ်းကို စစ်ကောင်စီ အာဏာခံလက်အောက်မှ စွန့်လွှတ်ထွက်ခွာကာ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

CDM ပြုလုပ်ခဲ့တဲ့နေ့ရက်ကို အရင်မကြေညာခဲ့ဘဲ ဘေးအန္တရာယ်ကင်းရာအရပ်ဒေသကို တိမ်းရှောင်ရောက်ရှိပြီးချိန် ဧပြီ ၃ ရက်နေ့မှ ကြေညာခဲ့တာလို့ ဆိုပါတယ်။

8 months Ago
Up