ဒုစရိုက်မြို့တော် (သို့မဟုတ်) ကမ္ဘာ့ပြည့်တန်ဆာမြို့တော် ပတ္တယား (ရုပ်သံ)

February 22, 2017

ဒုစရိုက်မြို့တော် (သို့မဟုတ်) ကမ္ဘာ့ပြည့်တန်ဆာမြို့တော် ပတ္တယား (ရုပ်သံ)

နီယွန်မီးရောင်တွေ ထွန်းညှိထားတဲ့ ပတ္တယားမြို့ကို ကမ္ဘာ့ပြည့်တန်ဆာမြို့တော်လို့ သိထားကြပြီး အဲဒီမှာ ပြည့်တန်ဆာဦးရေ ခန့်မှန်းခြေ ၂ သောင်း ၇ ထောင်လောက် ရှိနေတယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ထိုင်းအစိုးရဟာ တရားမ၀င်တဲ့ ပြည့်တန်ဆာအိမ်တွေကို မူဝါဒတခုချမှတ်ပြီး ဖိနှိပ်ဖြိုခွင်းမှုတွေ လုပ်ဆောင်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ အနာဂတ်ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။ နှစ်စဉ် ပတ္တယားမြို့ဆီ ကမ္ဘာလှည့်ခရီးသည် ၁ သန်းလောက် လာရောက်လည် ပတ်နေကြပြီး အများစုဟာ အနောက်နိုင်ငံမှ မျက်နှာဖြူအမျိုးသားတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ရာနဲ့ချီတဲ့ အဖော်အချွတ် ကပွဲရုံတွေ၊ ကလပ်တွေဆီ သွားရောက် လေ့ရှိကြပါတယ်။ အများစုသော လိင်လုပ်သားတွေကတော့ ဆင်းရဲမွဲတေမှုပြဿနာကို ဖြေရှင်းဖို့ ခန္ဓာကိုယ်ကို ရောင်းတဲ့နည်းနဲ့ ၀င်ငွေရှာနေကြတာပါ။ ပြည့်တန်ဆာတွေဟာ တညကို ၀င်ငွေဘတ် ၅ ထောင်ထိ ရရှိနေတာဖြစ်ပြီး တ ရက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက် ဘတ် ၃၀၀ ရဲ့ အဆ ၂၀ နီးပါးရရှိနေကြတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ “ကောင်းတဲ့သူတွေဟာ ကောင်းကင်ဘုံကိုသွားကြတယ်။ ဆိုးတဲ့သူတွေကတော့ ပတ္တယားကို သွားကြတယ်” ဆိုတဲ့ စာတမ်းပါတဲ့ ပတ္တယား နာမည်ကျော်တီရှပ်တွေကို ရောင်းချနေတာကို တွေ့ရပါတယ်။ သားပိုက်ကောင်ထောင့်ချိုးလို့ အမည်ပေးထားတဲ့ ဘားတခုမှာ ရောက်နေတဲ့ မဲလ်ဘုန်းမှ အမျိုးသားတဦးကတော့ သူ့ရဲ့ အမြင်ကို ခုလိုပြောပြပါတယ်။ “ကျနော် ထိုင်းမိန်းကလေးတွေကို ပိုသဘောကျတယ်ဗျ။ ကျနော် အမျိုးသမီးပေါင်းများစွာနဲ့ ဆက်ဆံဖူးပါတယ်။ ဒီကမိန်းကလေးတွေအတွက်ကတော့ ပိုက်ဆံသာ အရေးကြီးတယ်လို့ ကျနော်သိထားတယ်။ ကျနော် အချစ်ကို မရှာဖွေပါဘူး။” ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်တာတွေကို ထိုင်းနိုင်ငံမှာ တ ရားမ၀င်ဘူးလို့ ဆယ်စုနှစ်များစွာကတည်းက သတ်မှတ်ထားခဲ့တာဖြစ်ပေမယ့် ဥပဒေပြု သူတွေရော ရဲတွေကပါ ဒါတွေကို မျက်စိမှိတ်လစ်လျုရှုထားခဲ့ကြတာ ခုထိတိုင်ပါပဲ။ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးခရီးသွားလာရေးဝန်ကြီး ကော့ဘ်ကန် ၀ပ်ထနာရန်ကူးက ဒါဟာ နိုင်ငံရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်ဆိုပြီး ရှင်းလင်းဖယ်ရှားဖို့ ကြိုးစားခဲ့တာပါ။ တချို့ကလည်း ခုလိုဖြိုခွင်းမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေးဝင်ငွေထိခိုက်စေပြီး အဲဒီ နယ်ပယ်တွင်းအလုပ်လုပ်ကိုင်နေကြသူတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်လာကြမယ်လို့ ပြောကြပါတယ်။ ၀ပ်ထနာရန်ကူးကတော့ “ဒီကိစ္စအတွက်နဲ့ချည်း ခရီးသွားတွေ ထိုင်းကိုလာနေ တာမဟုတ်ပါဘူး။ သူတို့ဟာ လှပတဲ့ ရိုးရာယဉ်ကျေးမှုတွေကြောင့် လာနေကြတာပါ။ ကျမတို့ နိုင်ငံကို အရည်အသွေးပြည့်မီတဲ့ ခရီးသွားကဏ္ဍကြောင့် လာတာဖြစ်စေချင်တယ်။ ပြည့်တန်ဆာလုပ်ငန်းတွေကိုတော့ မရှိစေချင်တော့ဘူး” လို့ ပြောပါတယ်။
4 years Ago
Up