ဒုက္ခသည် ၂၀၀ ကျော်သေဆုံးမှု တာဝန်ရှိသူ

March 27, 2017

ဒုက္ခသည် ၂၀၀ ကျော်သေဆုံးမှု တာဝန်ရှိသူ ၅၆ ဦးကို အီဂျစ်တရားရုံး ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြေထဲပင်လယ်အတွင်း ဒုက္ခသည် ၂၀၀ ကျော် သေဆုံးခဲ့မှုအတွက် တာဝန်ရှိသူ ၅၆ ဦးကို အီဂျစ်တရားရုံးက မတ် ၂၆ ရက်နေ့မှာ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အီဂျစ်ဆိပ်ကမ်းမြို့တမြို့ ဖြစ်တဲ့ ရိုဆက်တာ(Rosetta) မြို့နဲ့ ၈ မိုင်အကွာမှာ ဒုက္ခသည်စက်လှေ နစ်မြုပ်ခဲ့တာ ဖြစ်ပြီး သူတို့ကို လူသတ်မှု၊ လူသေဆုံးမှု၊ တာဝန်ပေါ့လျော့မှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒုက္ခသည်လှေဟာ လူအယောက် ၄၅၀ လောက် တင်ဆောင်ကာ အီတလီနိုင်ငံကို ထွက်ခွာလာခဲ့ပြီး လူ ၁၀၀ လောက်ဟာ စက်လှေဝမ်းထဲ ပိတ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။ လိုက်ပါလာကြသူ အများစုဟာ အီဂျစ်၊ ဆီးရီးယား၊ ဆူဒန်၊ အီရီထရီယာ(Eritrea)နဲ့ ဆိုမာလီယာ ဒုက္ခသည်တွေ ဖြစ်ကြပြီး လွတ်မြောက်သူ ၁၆၃ ယောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို လာရောက်သူ ၅၁၀၀ နီးပါး ရေနစ်သေဆုံးခဲ့ကြပြီး ၉၀ ရာခိုင်နှုန်းဟာ အီတလီနိုင်ငံကို လာရောက်ကြတာလို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ပါတယ်။
5 years Ago
Up