ဒုက္ခသည်​များ

January 29, 2019

ပုဏ္ဏကျွန်းမြို့နယ်​ရှိ ဒုက္ခသည်​များအတွက် ယာယီအ​ဆောက်​အအုံများ လိုအပ်

ရခိုင်​ပြည်​နယ်၊​ ပုဏ္ဏကျွန်းမြို့နယ်​ရှိ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်​တွေ ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ယာယီအ​ဆောက်​အအုံတွေ လိုအပ်​​နေတယ်လို့ အထက်မြတ်လှဲ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက ​ပြောပါတယ်​။ “သူတို့အခု​နေထိုင်​​နေတာက ​မြေကြီး​ပေါ်မှာ​နေထိုင်​​နေရတာပါ။ အချိန်​ကြာလာရင် ကျန်းမာ​ရေး ထိခိုက်​လာနိုင်​ပါတယ်။ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုလည်း လိုအပ်​​နေပါတယ်​။ စားနပ်​ရိက္ခာ​တွေက​တော့ အလှူရှင်​​တွေက လာ​​ရောက်​လှူဒါန်း​နေကြတာ​ကြောင့်​ အခက်​အခဲတော့ မရှိပါဘူး။ အဓိက​ကတော့ ​နေထိုင်​​ဖို့ အ​ဆောက်​အအုံ လိုအပ်​​နေပါတယ်​။ မိုးရာသီ​ရောက်​ရင်​ ပိုဒုက္ခ​ရောက်​မှာပါ။” အဲဒီ ဒုက္ခသည်တွေက ​ကျောက်​​တော်​မြို့နယ်​ ပညာကြီး​ကျေးရွာ၊ တဲဝ​ကျေးရွာ၊ ကင်​အိတ်​​ကျေးရွာ၊ ခ​မောင်း​ကျေးရွာ၊ မီး​ချောင်းခုတ်​​ကျေးရွာ၊ ငစရိုင်းကိုင်း​ကျေးရွာ၊ ​ပ​လေးကိုင်း​ကျေးရွာ၊ သိန်း​ချောင်း​ကျေးရွာ​နဲ့ လေကွီး​ကျေးရွာ တို့မှ ​အေ​အေနဲ့ တပ်​မ​တော်​ တိုက်​ပွဲ ဖြစ်​ပွား​မှုကြောင့် ​ကျေးရွာတွေကို စာနပ်​ရိက္ခာတွေ ၀ယ်​ယူခွင့် ပိတ်​ထားလိုက်​တဲ့အတွက်​ စား​သောက်​​နေထိုင်​​ရေး အခက်​အခဲတွေကြောင့် ထွက်​​ပြေးလာကြတဲ့သူ​တွေ ဖြစ်​ပါတယ်​။ ပညာကြီး​ကျေးရွာမှ ထွက်​​ပြေးလာတဲ့ ဦး​မောင်​လှဝင်းက “ကျနော်​တို့ ဒီကို ​ရောက်​တာ ၁ လနီးပါးရှိပါပြီ။ အခုလက်​ရှိ အခက်​အခဲက​တော့ ​နေထိုင်​​ရေးပါ။ ​မြေကြီး​ပေါ်မှာသာ​ အိပ်​​နေရတဲ့ အ​ခြေအ​နေပါ။ ​ဆောင်းရာသီမှာ အမိုးအကာမလုံတဲ့ ​နေအိမ်​​တွေ​ကြောင့်​ ကျန်းမာ​ရေး ထိခိုက်​လာကြပါတယ်။ ကျန်​မာ​ရေး​စောင့်​​ရှောက်​မူလည်း လိုအပ်​​နေပါတယ်။ မိသားစု ၆ ဦးရှိပါတယ်။ က​လေး​တွေတော့ အခုဒီမှာ ​ကျောင်းတက်​​နိုင်​ပါတယ်။ စာအုပ်​စာတမ်းကအစ ​ကျောင်းဝတ်​စုံကအစ ကူညီ​ထောက်​ပံ့​ပေးပါတယ်။ ရွာမှာ​တော ​မွေးမြူထားတဲ့ ကျွဲနွား​တွေက ရှာလို့ရတဲ့သူမှာရသလို မရတဲ့သူ​တွေလည်းမရ​တော့ပါဘူး။ ပညာကြီး​ကျေးရွာမှာ အိမ်​​ခြေ ၂၀၊ လူဦး​ရေ ၁၂၃ ဦးရှိပါတယ်။ တိုက်​ပွဲတွေမရှိရင်​လည်း ရွာကို ပြန်​ရင်​အဆင်​မ​ပြေ​တော့ဘူး။ ဘာမှဝယ်​ယူလို့မရသလို စားနပ်​ရိက္ခာ​တွေ ၀ယ်​ခွင့်​သယ်​ယူခွင့်​လည်း မ​ပေးဘူး” လို့ ပြောပါတယ်​။ အဲဒီကျေးရွာတွေထဲက ​ကျောင်းသူ ၃၇ ဦး၊ ​ကျောင်းသား ၅၁ ဦး စုစု​ပေါင်း ၈၈ ဦးရှိပြီး KG တန်းမှ အဋ္ဌမတန်းအထိ ​ကျောင်းသူ/သားတွေဟာ အထက်မြတ်လှဲ​ကျေးရွာရှိ စာသင်​​ကျောင်းမှာ ပညာသင်​ကြားနေကြတာပါ။ ရခိုင်​ပြည်​နယ်​ ပုဏ္ဏကျွန်းမြို့နယ်​ရှိ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည်​ အိမ်​​ထောင်​စု စုစု​ပေါင်း ၁၀၂ စု ရှိပြီး ဒုက္ခသည်ဦး​ရေ ကျား ၂၃၅ ဦး၊ မ ၂၄၅ ဦး၊ စုစု​ပေါင်း လူဦး​ရေ ၄၈၀ ရှိ​တယ်လို့ သိရပါတယ်​။
2 years Ago
Up