ဒုက္ခသည်များကို ကျောခိုင်းပစ်ပယ်မထားရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

A d v e r t i s e m e n t With Us

March 21, 2016

ဒုက္ခသည်များကို ကျောခိုင်းပစ်ပယ်မထားရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒုက္ခသည်တွေကို ကျောခိုင်းပစ်ပယ် မထားကြဖို့ မတ် ၂၀ ရက်နေ့က စိန့်ပီတာရင်ပြင်မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲအတွင်း ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကံကြမ္မာအတွက် ဘယ်သူကမှ တာဝန်မယူချင်ဘူးလို့ သူက ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာ့ရိုမန်ကက်သလစ် ဦးရေ ၁ ဒသမ ၂ သန်းကို ဦးဆောင်နေသူပါ။ ယေရှုဘုရားသခင်ကို တရားဥပဒေနဲ့ ကံကြမ္မာက မျက်နှာသာမပေး ဖယ်ရှားခဲ့တာကိုလည်း ပုပ်ရဟန်းမင်းကြီးက ပြန်လောင်း ပြောပြပါတယ်။ ခိုလှုံခွင့် တောင်းခံသူတွေနဲ့ ဒုက္ခသည်တွေ အင်မတန်များတာကို တွေးနေတယ်။ သူတို့ရဲ့ ကံကြမ္မာကို တာဝန်ယူချင်သူ မရှိတဲ့ လူတွေလည်း အများကြီးပဲလို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ၂၀၁၅ တနှစ်တည်းမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁ ဒသမ ၁ သန်းကျော်ဟာ သူတို့နိုင်ငံတွင်းက စစ်ပွဲတွေနဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာတွေကြောင့် ဥရောပနိုင်ငံတွေကို ၂၀၁၅ တနှစ်တည်းမှာ ပြောင်းလာခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေက ဘော်လ်ကန် လမ်းကြောင်းကတဆင့် ပိုချမ်းသာတဲ့ ဥရောပ မြောက်ပိုင်းကို သွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဘောလ်ကန်ဒေသနိုင်ငံတွေက သူတို့ခြံစည်းရိုးတွေကို ပိတ်ခဲ့လို့ ထောင်နဲ့ချီတဲ့ လူတွေ ဂရိနိုင်ငံမှာ သောင်တင်နေပါတယ်။ အရင်အပတ်က မက်ဆီဒိုနီးယားအစိုးရက ရွှေ့ပြောင်းလုပ်သား အယောက် ၁၅၀၀ လောက် တူရကီကို ပြန်ပို့ခဲ့ပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အအေးထဲမှာ အမြန်သွားနေတဲ့ ရေစီးကို ဖြတ်ကျော်နေတဲ့ ပုံတွေဟာ အီတလီ သတင်းစာတွေပေါ်မှာ ရေပန်းစားခဲ့ပါတယ်။ အရင်အပတ်က တူရကီနဲ့ ဥရောပသမဂ္ဂ သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံသားတွေ အပါအဝင် ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူ အားလုံးကို တူရကီကို ပြန်ပို့မှာ ဖြစ်ပါတယ်။
5 years Ago
Up