ဒုက္ခသည်ကို ကန်ကျောက် ခြေထိုးလဲကျစေသည့် သတင်းထောက် အလုပ်ပြုတ် (ရုပ်သံ)

September 10, 2015

ဒုက္ခသည်ကို ကန်ကျောက် ခြေထိုးလဲကျစေသည့် သတင်းထောက် အလုပ်ပြုတ် (ရုပ်သံ)

စစ်ကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကန်ကျောက်ခဲ့သလို ခြေထိုးလဲကျစေခဲ့တဲ့ ဟန်ဂေရီ သတင်းထောက်ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဟန်ဂေရီ လက်ယာယိမ်း ဂျော့ဘက်ပါတီနဲ့ ဆက်နွယ်တဲ့ 444.hu အင်တာနက် ရုပ်သံလိုင်းက ကင်မရာသမား ပက်ထရာလပ်စ်ကို စက်တင်ဘာ ၈ ရက်က ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဟန်ဂေရီ-ဆာဘီးယား နယ်စပ်နဲ့ ကိုက်အနည်းငယ်အကွာ ဆီးရီးယား၊ အီရတ်၊ အာဖဂန် ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်စခန်းက လူတွေကို ရဲတွေက လိုက်ဖမ်းဆီးမှုကြောင့် ထွက်ပြေးလာတာကို သူက ကန်ကျောက် ခြေနဲ့ ထိုးခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုရေးကွန်ရက်တွေပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ လက်မခံနိုင်တဲ့ အပြုအမှုကို ပြုလုပ်ခဲ့တဲ့အတွက် အခုလို ထုတ်ပယ်လိုက်တာလို့ ဂျော့ဘက်ပါတီက ထုတ်ပြန်ပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ ပက်ထရာလပ်စ်ကိုက ရုပ်သံဖိုင်မှာ ရဲတွေကြောင့် ထွက်ပြေးလာတဲ့ ကလေးချီ လူတဦးကို ခြေထိုးခဲ့တာကြောင့် ဒီလူက လဲကျသွားပါတယ်။ ပက်ထရာလပ်စ်ကိုဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ အဖွဲ့ဝင် တဦးဖြစ်ပြီး အန်ဝမ်း တီဗွီအတွက် အလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
6 years Ago
Up