ဒုက္ခသည်များအတွက်

December 18, 2019

ဒုက္ခသည်များအတွက် ရန်ပုံငွေထည့်ဝင်ရန် ပျက်ကွက်သည့် အီးယူကို တူရကီသမ္မတ ဝေဖန်

ဒုက္ခသည်တွေအတွက် ရန်ပုံငွေထည့်ဝင်ဖို့ ပျက်ကွက်တဲ့ အီးယူနိုင်ငံတွေနဲ့  ကလေးငယ်တွေကို ကာကွယ်ဖို့ထက် ရေနံတွင်းတွေမှာ ပိုရင်းနှီးမြှုပ်နှံနေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို တူရကီသမ္မတက  ဝေဖန်လိုက်ပါတယ်။ ဆီးရီးယားမြောက်ပိုင်း ငြိမ်းချမ်းရေးဇုန်မှာ ဆီးရီးယားဒုက္ခသည် ၁ သန်းကို ပြန်နေရာချထားဖို့လည်း  တူရကီသမ္မတ တေယစ်အာဒိုဝမ်က ဒီဇင်ဘာလ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ဖိုရမ်မှာ  တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည်တွေကို သူတို့နိုင်ငံမှာ ဆက်နေခွင့်ရစေပြီး တူရကီနိုင်ငံဆီ ထွက်လာတဲ့ ဒုက္ခသည်တွေကို မိခင်နိုင်ငံဆီ ငြိမ်းချမ်းစွာ ပြန်ပို့လို့ရမယ့် နည်းလမ်းတခုကို ရှာဖွေဖို့ လိုအပ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ဖိုရမ်မှာ အာဒိုဝမ်က ပြောခဲ့ပါတယ်။ တူရကီနိုင်ငံဟာ ဆီးရီးယား ဒုက္ခသည် ၃ ဒသမ ၇ သန်းကို လက်ခံထားပြီး ကမ္ဘာတဝန်း လူဦးရေအများဆုံး ဒုက္ခသည် အရေအတွက် ဖြစ်ပါတယ်။ တူရကီအနေနဲ့ အဲဒီဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့ ၉ နှစ်မှာ အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော် သုံးစွဲခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up