ဒီးဟန်ဒါဆန်

July 23, 2020

ဒီးဟန်ဒါဆန်ကို ပြန်ခေါ်ပါက  ဒီဂီယာ၏လက်စွမ်းပိုကောင်းလာမည်ဟု ဘာဘာတော့ဗ်သုံးသပ်

ရှက်ဖီးဂိုးသမား ဒီးဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူမယ်ဆိုရင် ဒီဂီယာရဲ့လက်စွမ်းပို ကောင်းလာ လိမ်မယ်လို့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်ပါတယ်။  မန်ယူဂိုးသမား ဒီဂီယာဟာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အမှားများခဲ့ပြီး တချို့ပွဲ စဉ်တွေမှာလည်း အမှားတချို့ရှိခဲ့တာဖြစ်ပါတယ်။  ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့  ကစားသမားတိုင်းမှာ ပြိုင်ဆိုင်မှု ရှိနေဖို့ လိုအပ်ပြီး ရှက်ဖီးမှာ အငှားချထားတဲ့ ဒီးဟန်ဒါဆန်ကို ပြန်ခေါ်မယ်ဆိုရင် ဒီဂီယာရဲ့ လက်စွမ်း ပိုကောင်းလာမယ်လို့ သုံးသပ်ခဲ့တာပါ။  ပွဲထွက်ခွင့်အတွက် သေချာတယ်ဆိုတဲ့ အတွေးရှိချိန်မှာ ကစားသမားတိုင်းက အမှားကျူး လွန်တတ်ပြီး ယုံကြည်မှုလွန်ကဲသွားတာကြောင့် အမှားပိုများလေ့ရှိတယ်လို့ ဘာဘာတော့ဗ်က စကိုင်းစပေါ့နဲ့အင်တာဗျူးမှာ ပြောပါတယ်။  အသက်၂၃နှစ်ရှိ ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်မှာ ပေးဂိုးမရှိတဲ့ပွဲ ၁၃ ပွဲအထိ ရရှိ အောင် စွမ်းဆောင်ထားပြီး  အင်္ဂလန်နံပါတ်တစ်ဂိုးသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးခံနေရ ပါတယ်။ 
9 months Ago

February 10, 2020

မန်ယူနိုက်တက် ဂန္ထဝင်ကစားသမားဖြစ်လိုဟု ဂိုးသမား ဒီးဟန်ဒါဆန် ပြော

မန်ယူအသင်းအတွက် ပွဲ ၅၀၀ လောက်အထိ ကစားနိုင်တဲ့ ဂန္ထဝင်ကစားသမား ဖြစ်ချင်တယ်လို့ ဂိုးသမား ဒီးဟန်ဒါဆန်က ပြောပါတယ်။  အသက် ၂၂ နှစ်ရှိ မန်ယူအကယ်ဒမီထွက်ဂိုးသမား ဒီးဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ အငှားထွက်ကစားနေတာပါ။  ရှက်ဖီးအသင်းမှာ အကောင်းဆုံး လက်စွမ်းပြနေပြီး ဂိုးမပေးရတဲ့ပွဲစဉ် ၉ ပွဲအထိရှိခဲ့တဲ့ ဒီးဟန်ဒါဆန်ဟာ တချိန်မှာတော့ ယူနိုက်တက်အသင်းဆီ ပြန်လာပြီး ကစားပေးဖို့ ပစ်မှတ်ထားနေတာပါ။  ယူနိုက်တက်အသင်းမှာ ကစားခွင့်ရဖို့က ငယ်စဉ်ကတည်းက မျှော်လင့်ထားတဲ့ အိပ်မက်ဖြစ်ပြီး တခဏတာ ကစားချင်တာတင်မဟုတ်ဘဲ ပွဲ ၅၀၀၊ ပွဲ ၃၀၀ လောက်အထိ ကစားပေးချင်တယ်လို့ ဒီးဟန်ဒါဆန်က ပြောပါတယ်။  ယူနိုက်တက်အသင်း အမှားအယွင်းတွေရှိခဲ့တဲ့ နံပါတ်တစ်ဂိုးသမား ဒီဂီယာရဲ့နေရာမှာ ဒီးဟန်ဒါဆန်နဲ့ အစားထိုးဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ 
1 year Ago
Up