ဒီးမော့ဆိုတိုက်ပွဲ

November 25, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအနီးက ဟိုဖိတ်ကျေးရွာမှာ  နိုဝင်ဘာ ၂၅ ရက် ဒီနေ့ မနက် အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KNDF တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်ဖွဲ့ဝင် ၄ ယောက် ကျဆုံးသွားတယ်လို့   KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

ဒီမနက် ၅ နာရီကျော်လောက်က  စစ်ကြောင်းထိုးလားတဲ့စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာမှာ အခုလို ကျဆုံးခဲ့တာဖြစ်ပါတယ်။ 

KNDF ပြောခွင့်ရသူက “ မနက် အစောကြီးကတည်းက ပစ်ကြတာ။ ၅ နာရီကျော်လောက်ကတည်းက  မနက် ၅ နာရီကျော်မှာ စပြီးတော့ ပစ်တယ်။ မနက် ၉ နာရီမထိုးခင်မှာ ပြီးတယ်။ လက်နက်ကြီးတော့ အများကြီး ပစ်တာပေါ့လေ၊ အမြောက်တပ်ကကော။ ၄ ယောက်ကျတယ်၊ KNDF က။ ရန်သူဘက်  အခြေအနေတော့ ဘာမှ မသိရဘူး။ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ။ ပြီးတော့ ထိပ်တိုက်ဖြစ်တာ။ ”လို့ ပြောပါတယ်။

ကျဆုံးသွားတဲ့ KNDF တပ်ဖွဲ့ဝင် ၄ ဦးဟာ တပ်ရင်း ၉ ကဖြစ်ပြီး နာမည်အတိအကျတော့ မသိရသေးပေမယ့် သူတို့ကို မနက်ဖြန် သင်္ဂြိုဟ်ဖို့  အစီအစဉ်ရှိပါတယ်။ 

နိုဝင်ဘာ ၂၃ ရက်ကလည်း လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ တရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅  ယောက်  သေဆုံးသွားပါတယ်။ 

2 weeks Ago

November 12, 2021

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး၊ KNDF ၁ ဦး ကျဆုံး

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာနဲ့ ပဒုံငံကျေးရွာဘက်မှာ ကရင်နီ တပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သား  အယောက် ၂၀ သေဆုံးခဲ့ကာ KNDFတပ်ဖွဲ့ဝင် တယောက် ကျဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပါတယ်။

စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်ကနေ ည ၆ နာရီကျော်အထိ ၄ နာရီကျော်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ခြေတော်ရာ ဘုရားတောင်ဘက်ကနေ စစ်ကြောင်းထိုးပြီး တောင်ပေါ်တွေမှာ တပ်ဖြန့်ကာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို ဒီးမော့ဆိုမြို့နယ် တိုက်ပွဲ ဖြစ်ပွားရာ ဒေသအတွင်းမှာ ဗျူဟာမြောက် ကုန်းပြင်မြင့်တွေအပေါ်မှာ တပ်ဖြန့်ပြီး စစ်အင်အား ဖြည့်တင်းနေတယ်လို့လည်း  ဆိုပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ စက်‌တော်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က  ၁၀  ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကရင်နီတပ်မတော် (KA) ဘက်က တဦး ကျဆုံးခဲ့ပါတယ်။

3 weeks Ago
More News
Up