ဒီးမောဆိုမြို့နယ်

November 12, 2020

ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး တွေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၁၁ ရက်  ည၈နာရီထုတ်ပြန်ချက်အရ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  ကိုဗစ်-၁၉  အတည်ပြုလူနာတစ်ဦး ပထမဆုံး အကြိမ် တွေ့ရှိရပါတယ်။ အဆိုပါအတည်ပြုလူနာဟာ ဒီးမော့ဆိုမြို့ အထက်တန်းကျောင်း  ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေသူဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးကောင်းမွန်နေရင်တော့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ ဆေးရုံမှာ ကုသပေးမှာဖြစ်ကြောင်း ကယားပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာဌေးလွင်က ပြောပါတယ်။ “ တယောက်တွေ့တယ်။ ယောကျ်ာလေးဖြစ်ပါတယ်။ အထက ကွာရန်တင်းစင်တာကနေ ဆေးရုံပို့ဖို့လုပ်နေပါတယ်။” အဆိုပါလူနာဟာ ရန်ကုန်လိပ်စာနဲ့ မကွေးကနေလာတယ်လို့ သိရပြီး ဆက်လက်စုံစမ်းမှုလုပ်နေတယ်လို့လည်း ပြောပါတယ်။ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူတာ အခုတစ်ယောက်ပါအဝင် ၁၀ ယောက်ရှိသွားပြီဖြစ်ပြီး  ဒီးမော့ဆိုမှာတော့ သူဟာ ပထမဆုံးလူနာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀  ယောက်ရှိလာပြီဖြစ်ပြီး အဲဒီထဲက လွိုင်ကော်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသတဲ့ ၈ ဦးထဲက ၇ ဦးဆေးရုံဆင်းခွင့်ရရှိထားပြီးဖြစ်ပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကျန်ရှိလူနာ ၁ ဦး ဆေးရုံမှ ဆင်းခွင့်ရမှာဖြစ်ပါတယ်။ 
1 year Ago
Up