ဒီရေလှိုင်းကြောင့်

July 15, 2018

ပင်လယ်ဒီရေလှိုင်းကြောင့် ဖျာပုံတွင် နေအိမ် ၁၁ လုံး ပြိုကျပျက်စီး

ပင်လယ်ဒီရေလှိုင်း မြင့်တက်တိုက်စားမှုကြောင့် ဖျာပုံမြို့နယ်မှာ နေအိမ် ၁၁ လုံး ပြိုကျ ပျက်စီးသွားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ ဒေါ်ညိမ်းကျေးရွာ အုပ်စုအတွင်းက ကျေးရွာတွေမှာ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီလောက်က ပင်လယ်ဒီရေလှိုင်း မြင့်တက်တိုက်စားမှုကြောင့် အခုလို ပြိုကျ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ ဘုရားလေးစု ကျေးရွာမှာ နေအိမ် ၂ လုံး၊ အောင်လှိုင်ကျေးရွာမှာ နေအိမ် ၆ လုံး၊ သရက်ပင်ဆိပ်ကျေးရွာမှာ နေအိမ် ၂ လုံးနဲ့ ခါးပြတ်ကျေးရွာမှာ နေအိမ် ၁ လုံး စုစုပေါင်း ၁၁ လုံး ပြိုကျပျက်စီးခဲ့တာပါ။ ပြိုကျပျက်စီးတဲ့ နေအိမ် ၁၁ လုံးက လူဦးရေ ၅ဝ လောက်ဟာ အခုလောလောဆယ် ဆွေမျိုးတွေ နေအိမ်မှာ ပြောင်းရွှေ့နေထိုင်နေပါတယ်။ ဒီရေလှိုင်းကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up