ဒီရေ

August 13, 2018

သုံးခွမြို့နယ်တွင် ပင်လယ်ဒီရေတက်ပြီး တာကျိုး၊ နေအိမ်အချို့ မျောပါပျက်စီး

ပင်လယ်ဒီရေ အတက်ကြမ်းပြီး တာတွေကျိုးကုန်လို့ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲမှာ အိမ်တချို့ မျောပါပျက်စီးပြီး တချို့ကို ပြောင်းရွှေ့ပေးနေရတယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညက စလို့ အောင်သာဒါန်းရွာ၊ ထွန်းစိန်အသင်းရွာနဲ့ သာသာမြိုင်ရွာတွေမှာ တာကျိုးပြီး အိမ်တွေကို ပြောင်းရွှေ့နေရတာပါ။ သုံးခွမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဟိန်းဇော်က “ထွန်းစိန်အသင်းရွာမှာဆိုရင် အပြင်တာက ပေ ၄၀ လောက် ၅ နေရာ ကျိုးသွားတယ်။ အိမ်ခြေ ၁၇ အိမ်ကို ပြောင်းပေးထားတယ်။ လက်ရှိလည်း အဲဒီနေရာမှာ ကယ်ဆယ်ရေး သွားနေတုန်းပဲ။ နောက်ထပ် ပြောင်းရမယ့် အိမ်တွေ ရှိသေးတယ်” လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေပြီး အောင်သာဒါန်းရွာမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။ ထွန်းစိန်အသင်းရွာ ဒေသခံတဦးက “မနေ့က အိမ် ၂ လုံး လှိုင်းနဲ့ မျောသွားတယ်။ ဒီနေ့မနက်ကလည်း ပြိုမှာစိုးလို့ နောက်ထပ် အိမ် ၂ လုံး ဖျက်လိုက်ရတယ်” လို့ ပြောပါတယ်။ ကိုဟိန်းဇော်က “အောင်သာဒါန်းမှာတော့ တာကျိုးတာ ၂ နေရာ။ လယ်သမားတာလို့ ခေါ်တာပေါ့။ အိမ် ၂၅ လုံးကို ရွှေ့ပေးပြီးပြီ။ သာသာမြိုင်မှာလည်း တာကျိုးနေတယ်။ ဒါပေမယ့် အိမ်ကြမ်းခင်း ရေထိတဲ့ အခြေအနေပဲ ရှိတယ်လို့ သိရတယ်။ စက်လှေမရှိတော့ အဲဒီကို ကျနော်တို့ သွားဖို့ ခက်နေတယ်” လို့ ပြောပါတယ်။ နောက်ထပ် သမစိတ္တရွာမှာလည်း အိမ်တွေ နစ်မြုပ်နေတယ်ကြားပေမယ့် ဒေသခံတွေ ခရီးသွားလာဖို့ အခက်အခဲ တွေ့နေပါတယ်။ ဓာတ်ပုံ - ကိုဟိန်းဇော်၊ Diamond Saya
3 years Ago

ဒီရေကြောင့် ကျောက်ဖြူတွင် တာကျိုးပေါက်၊ နေအိမ် ၃၀ ခန့် ရေနစ်မြုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကလာဘာတောင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ဒီရေလှိုင်းတက်လို့ မွေးမြူရေတာတမံတခု ပေ ၃၀  လောက် ကျိုးပေါက်ခဲ့တာကြောင့် နေအိမ် ၃၀ လောက် ရေနစ်မြုပ်ခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။ “မြို့ကာ တာတမံတော့ မဟုတ်ဘူးဗျာ။ အဲဒါ ငါးလုပ်ငန်းဦးစီးဌာနကပိုင်တဲ့ နောဒိုင် တာတမံဘောင်ပါ။ ဒီနေ့က ဒီရေရှိတော့ အဲဒီတာတမံဘောင်ကို ကျော်သွားတယ် ရေက။ အဲဒီတာတမံဘောင်က ကြံ့ခိုင်မှု အားနည်းတော့  ရေတားတွေ အကုန်လုံးပါသွားတော့ ပေ ၃၀ လောက် ကျိုးပေါက်သွားပါတယ်။ အဲဒီ ငါးလုပ်ငန်းရဲ့ တမံဘောင်တွေမှာ ကျူးတွေ ရှိတယ်ဗျာ။ အဲဒီကျူးတွေ အိမ်တွေ မြုပ်တော့တယ်။ အိမ်ခေါင်မိုးအထိတော့ မြုပ်တာမဟုတ်ဘူး။” လက်ရှိ ကျိုးပေါက်နေတဲ့ နေရာဟာ အလျားပေ ၃၀၊ အနက် ၄ ပေခွဲလောက်ရှိတယ်လို့လည်း ပြောပါတယ်။ ရေနစ်မြုပ်တဲ့အိမ် ၃၀ လောက်ရှိပြီး လူတွေကိုတော ကျောက်ဖြူမြို့ပေါ် ဘုန်းကြီးaကျာင်းမှာ နေရာချထားပေးတယ်လို့လည်း ပြောပါတယ်။ မနက်ပိုင်းက ကျိုးပါက်သွားတဲ့ တာကိုလည်း နေ့ခင်းပိုင်းမှာ ရဲတပ်ဖွဲ၊ တပ်မတော်သား အင်းအာတွေနဲ့ ဒေသခံတွေအပါအဝင်  ပြန်လည်ပြီး တာဖို့တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဦးဖိုးစံက ပြောပါတယ်။ ဓာတ်ပုံ -  Tun Kywal Kpu
3 years Ago
Up