ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို လာလုပ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ကစားသမား အစုံအလင် လေ့ကျင့်မှုကို သြဂုတ် ၁ ရက်နေ့က စတင်ခဲ့ပြီး ဒီယေဂိုကော်စတာ အသင်းနဲ့ ပူးပေါင်းတော့မှာ မဟုတ်ဘူးလို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။
ချဲလ်ဆီးနည်းပြ ကွန်တီက ကော်စတာအနေနဲ့ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်တော့မှာ မဟုတ်ဘူးလို့ တရားဝင် ပြောဆိုထားတာပါ။
ကော်စတာအနေနဲ့ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လိုနေပေမယ့် အပြောင်းအရွှေ့ ပိတ်ပင်ထားတာကြောင့် လာမယ့် ဇန်နဝါရီ ရောက်မှသာ အသင်းပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။
5 years Ago