တိုက်စစ်မှူး ဒီယေဂိုကော်စတာ အနေနဲ့ ဟားစီးတီးအသင်းနဲ့ ဒီည ပွဲစဉ်အတွက် ကစားနိုင်တော့မှာ ဖြစ်တယ်လို့ ချဲလ်ဆီး နည်းပြ ကွန်တီက ပြောပါတယ်။
တိုက်စစ်မှူး ကော်စတာရဲ့ နောက်ကြော ဒဏ်ရာကနေ သက်သာလာပြီလို့လည်း ဆိုပါတယ်။
ကော်စတာနဲ့ ပက်သက်လို့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပြီး နည်းပြနဲ့ အဆင်မပြေလို့ အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
တရုတ်စူပါလိဂ်ကလပ် တီယန်ကျင် အသင်းကလည်း ကော်စတာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြ ကွန်တီကတော့ သူနဲ့ ပက်သက်လို့ ခန့်မှန်းမှုတွေ အမျိုးမျိုး ရှိပေမယ့် ကာယကံရှင် ကိုယ်တိုင်ကတော့ အသင်းမှာပဲ ဆက်နေခြင်တယ်လို့ ပြောပါတယ်။
စပိန် တိုက်စစ်မှူး ကော်စတာဟာ ဒီနှစ်ရာသီမှာ ချဲလ်ဆီးအတွက် ၁၄ ဂိုး သွင်းပေးထးပါတယ်။
4 years Ago