ဒီမော့ဆိုမြို့နယ် ယာဉ်တိမ်းမှောက်မှု ၅ ဦးသေ၊ ၃၅ ဦးဒဏ်ရာရ

October 20, 2016

ဒီမော့ဆိုမြို့နယ် ယာဉ်တိမ်းမှောက်မှု ၅ ဦးသေ၊ ၃၅ ဦးဒဏ်ရာရ

ဒီမော့ဆိုမြို့နယ် ဒေါတမကြီးအသွားလမ်း မိုင်တိုင် ၁၆ န့ ၁၇ အကြား လိမ္မော်ရောင် ဒန်ဘာကား တစီး တိတ်မှောက်မှုကြောင့်  လူ ၅ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့ပါတယ်။ ကယားပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး “သူက သဲတွေကျောက်တွေတင်တဲ့ ဒန်ဘာကား။ ဒေါတမကြီးသွားတဲ့ဘက် ဒေါဖုလမ်းအဆင်းမှာ မှောက်တာ။ ၅ ယောက်သေတယ်။ အဲဒီမှာ ဆေးရုံတက်ရတာက  ၂၆ ယောက်၊ ၂၆ မှာ ၁၇ ယောက်က လွိုင်ကော်ဆေးရုံ၊ ၉ ယောက်က ဒီမော့ဆိုဆေးရုံ၊ ၄ ယောက်က (OPD) အပြင်လူနာတဲ့။” အဆိုပါကားဟာ ဒါညေးခူဘုန်းကြီးကျောင်း ကထိန်သွားတာဖြစ်ပြီး ကားဘရိတ်ပေါက်ရာကနေ တိတ်မှောက်မှုဖြစ်တာလို့ ဆိုပါတယ်။ သေဆုံးသူ ၅ ဦးမှာ ကလေး ၃ ဦးပါဝင်ကြောင်း ဒီမော့ဆိုရဲစခန်းတာဝန်ရှိသူတဦးက ပြောဆိုပြီး အသေးစိတ်အချက်တွေကို စစ်ဆေးမေးမြန်းနေဆဲပဲလို့ ပြောပါတယ်။ ဓာတ်ပုံ - အမ်အိုအိုင်  
6 years Ago
Up