ဒီအခန်း

March 9, 2019

ဒီအခန်း (ဓာတ်ပုံ)

မြောက်ဒဂုံ ၄၄ ရက်ကွက်  ဘုရင်နောင်လမ်မှာ ဆေးခန်းတခန်းရှိပါတယ်။ ဆေးခန်းနာမည်က အောင် ဆေးခန်းပါ။ အဲဒီဆေးခန်းကို ဒေါက်တာအောင်မင်း နဲ့ သူ့ဇနီး ဒေါက်တာ စန်းစန်းဦးတို့က ဦးစီးဖွင့်လှစ်ထားတာပါ။ ဒေါက်တာ စန်းစန်းဦးဟာ မြန်မာနိုင်ငံ ရန်ကုန်ဆေးတက္ကသိုလ်က စိတ်ရောဂါ ဆရာဝန်တဦးဖြစ်ပါတယ်။ အောင် ဆေးခန်းကို ၂၀၀၀ ခုနှစ် က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ Open Socienty Mental Health Initiative တွဲပြီး စိတ်ဝေဒနာခံစားရသူတွေကို စောင့်ရှောက် ကုသပေးနေတာပါ။ ဒေါက်တာ အောင်မင်းက “ဒီအခန်းဟာ အမှန်တကယ်တော့ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်ဖို့ အခန်းဖြစ်ပါတယ်။ အလုပ်ခွင်မှာ ဝေဒနာတွေ၊ ညည်းညူသံတွေ ပူပန်မှုတွေ ရင်ဆိုင်မိရာက အဲဒီ အခန်းကလေးကို ဖွင့်ဖို့ စိတ်ကူးရလာတာ” လို့  ပြောပါတယ်။ “အဲဒီအခန်းဟာ အသံလုံပြီး သီချင်းတွေ၊ စာအုပ်တွေ ရုပ်ရှင်တွေလည်း ရှိပါတယ်။ ဒီအခန်းမှာ တိတ်တိတ် ဆိတ်ဆိတ်နဲ့ စာလာရေးသူ၊ ပုံလာဆွဲသူတွေ ရှိပါတယ်။  ပိတ်လှောင်နေတဲ့ ပတ်ဝန်းကျင်ဖိအားကနေ လွတ်မြောက်ဖို့ ဒီအခန်းကလေးက ကူညီနေပါတယ်။ သူတို့ရေးဆွဲတဲ့ပုံလေးတွေ၊ စာလုံးတွေက ခရီးတခုကိုပြီးမြောက်အောင်သွားခဲ့တယ်ဆိုတာ သက်သေ ပြနေပါတယ်”  လို့ ဒေါက်တာ အောင်မင်းက ပြောပြပါတယ်။ သားကြီးမောင်ဇေယျ
2 years Ago
Up