ဒီလိုက်

June 27, 2020

ဂျူဗင်တပ်စ်က ဂိုးပြတ်နိုင်ပွဲနှင့်အတူ ဒုတိယနေရာက လာဇီယိုကို ၇ မှတ်ဖြတ် ဦးဆောင်

သောကြာနေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက  လက်ချီအသင်းကို ၄ ဂိုး  ပြတ် အနိုင်ရရှိခဲ့ပါတယ်။  အနိုင်ရလဒ်ကြောင့် ဂျူဗီအသင်းဟာ ဒုတိယနေရာက လာဇီယိုအသင်းကို ခုနစ်မှတ်အထိဖြတ်နိုင်ခဲ့ပြီး စီးရီးအေဖလား နောက်တကြိမ်ဆွတ်ခူးဖို့ ခြေတစ်လှမ်း နီးစပ်ခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲစဉ်မှာ အိမ်ရှင်အသင်းအတွက် တိုက်စစ်မှူးကစားသမားတွေဖြစ်တဲ့ ဒိုင်ဘာလား၊ ရော်နယ်ဒို၊ ဟီဂူအင်နဲ့ နောက်ခံလူ ဒီလိုက်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။  ပထမပိုင်း ၃၁ မိနစ်မှာကတည်းက လက်ချီကစားသမား လူစီယိုနီဟာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပွဲချိန်အများစုကို ကစားသမား ၁၀ ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လက်ချီဟာ ဂျူဗီအသင်းကို ဘယ်လိုမှ ယှဉ်မကစားနိုင်တော့ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရတာပါ။ ဒီပွဲစဉ်မှာ ရော်နယ်ဒိုဟာ ဒိုင်ဘားလား၊ ဟီဂူအင်တို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လည်း ပင်နယ်တီကနေတဆင့် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒီအနိုင်ရလဒ်ကြောင့် ဂျူဗီအသင်းဟာ ၂၈ ပွဲကစားပြီ ရမှတ် ၆၉ မှတ်နဲ့ အနီး ကပ်ဆုံးပြိုင်ဘက် လာဇီယိုကို တပွဲပိုကစားပြီး ခုနစ်မှတ်အထိ ဖြတ်ထားလိုက်နိုင်ခဲ့တာပါ။  ဒါဟာ ဂျူဗီအသင်းအတွက် စီးရီးအေဖလားကို ကိုးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းတခုကို ဖန်တီးနိုင်ခဲ့တာပါ။ ဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ ဒီရာသီစီးရီးအေသွင်းဂိုးဟာ ၂၁ ဂိုးအထိ  ရှိလာခဲ့ပြီး ထိပ်ဆုံးမှာဦးဆောင်နေတဲ့ အင်ဘိုမိုင်းကို လိုက်မီဖို့အတွက် ခြောက်ဂိုးသာ လိုပါတော့တယ်။ လက်ချီအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ရှုံးနိမ့်မှုကြောင့် ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ဆက်ရှိနေကာ အဆင့် ၁၇ နေရာက ဂျီနိုအာအသင်းကို တစ်ပွဲပို ရမှတ်တူ တစ်ဂိုးကွာ၊ အဆင့် ၁၆ နေရာက ဆမ့်ဒိုးရီးယားအသင်းကို တစ်ပွဲပို တစ်မှတ်ကွာအနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago

April 1, 2020

မန်ယူနိုက်တက်အသင်းက ဒီလိုက်ကို ခေါ်ယူရန် ထပ်မံကြိုးပမ်းလာဖွယ်ရှိ 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်နောက်ခံလူ မားသီးယပ်ဒီလိုက်ကို ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ်ပြန်လည်ကြိုးပမ်းလာတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။  ယူနိုက်တက်အသင်းဟာ နယ်သာလန်နောက်ခံလူကို အေဂျက်ဇ်မှာရှိနေစဉ်ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာမှ ဒီလိုက်ဟာ ဂျူဗင်တပ်အသင်းကို ပေါင် ၇၅ သန်းနဲ့ပြောင်းရွှေ့ခဲ့တာပါ။ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဒီလိုက်ကိုခေါ်ယူဖို့ အပြင်းအထန်ကြိုးစားခဲ့တာဖြစ်ပြီး ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် ပေါင်သန်း ၈၀ တန်နောက်ခံလူ ဂယ်ရီမက်ဂွဲယားနဲ့အတူ ပွဲထုတ်ဖို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။  ဒီလိုက်ဟာ အေဂျက်ဇ်အသင်းနဲ့အတူ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ ထွန်းတောက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အေဂျက်ဇ်အသင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အဓိကနေရာက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။  ဒါပေမယ့် အီတလီမြေကိုရောက်ရှိပြီးတဲ့နောက်မှာ ကစားသမားဟာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ကို ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်အထိ အီတလီဘောလုံးလောကနဲ့ အသားကျဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။  ဒီလိုက်ဟာ ဂျူဗင်တပ်နည်းပြ ဆာရီရဲ့စိတ်ကြိုက်ကစားသမားတဦး မဖြစ်ခဲ့ဘဲ အသင်းအတွက် ၂၆ ပွဲမှာ ၁၇ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။  ESPN သတင်းမှာဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဒီအခြေအနေကိုအသုံးချပြီး ဒီလိုက်ကို ခေါ်ယူဖို့အတွက် ပြန်လည်ပစ်မှတ်ထားလာကာ နွေရာသီမှာ ပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့ ကမ်းလှမ်းသွားတော့မယ်လို့ သိရပါတယ်။  အခုချိန်ထိတော့ ဒီသတင်းဟာ ကောလာဟလအခြေအနေတခုမှာပဲ ရှိနေဆဲဖြစ်ပြီး ဂျူဗင်တပ် အသင်းဘက်ကလည်း ၁၂ လသာရှိသေးတဲ့ လူငယ်ကစားသမားတဦးကို ပြန်လည်ရောင်ထုတ်မလားဆိုတာ ကွဲကွဲပြားပြားမသိနိုင်သေးပါဘူး။  ဒါပေမယ့် ဒီလိုက်ကို အမှန်တကယ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက် အသင်းအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တခုဖြစ်လာမှာဖြစ်ပြီး ဒီလိုက်နဲ့ မက်ဂွဲယားတို့ရဲ့ တွဲဖက်မှုက အသင်းကို ဆုဖလားလမ်းကြောင်းပေါ် ပြန်လည်ဆွဲတင်နိုင်မလား စိတ်ဝင်စားဖို့ကောင်းလာမှာဖြစ်ပါတယ်။  ယူ နိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်တန်းကို အားဖြည့်ဖို့အာရုံစိုက် ကြိုးစားလာဖွယ်ရှိပြီး နာပိုလီနောက်ခံလူ ကာလီဒူ ကူလီဘာလေကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ 
2 years Ago
Up