အေဂျက်အသင်းဟာ သူတို့အသင်းကနေ ပေါင် ၇၅ သန်းနဲ့ အီတလီထိပ်သီးဂျူဗင်တပ်စ်အသင်းထံ ရောင်းချခဲ့တဲ့ ဒီလစ်ဂ်ျကို အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ ပြင်ဆင်လာပါတယ်။
ပြီးတဲ့တဲ့နှစ်ချန်ပီယံလိဂ်မှာ အေဂျက်စအသင်းနဲ့တူတောက်ပလာခဲ့တဲ့ နယ်သာလန်သားလေး ကိုကယ်တင်ဖို့ မိခင်ကလပ်က ပြင်ဆင်လာတာဖြစ်ပြီးတော့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူ ဖြစ်လာဖို့ ကူညီချင်နေတာလို့ သိရပါတယ်။
ဒီလစ်ဂ်ျကို ဥရောပကလပ်အသင်းအားလုံးနီးပါးက ခေါ်ယူဖို့စိတ်၀င်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဂျူဗင်တပ်စ်အသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာပြဿနာတွေအပြင် ခြေစွမ်းပိုင်းလိုအပ်ချက်တွေ ကြောင့် နည်းပြဆာရီရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ မကြာခဏချန်လှပ်ခံနေရသူဖြစ်ပါတယ်။
သူ့နေရာမှာကစားနေတဲ့ ဒီမီရယ်ကလည်း အချိန်တိုတွင်း ခြေစွမ်းပြသထားနိုင်တာကြောင့် ဆာရီ အနေနဲ့ ဒီမီရယ်ကိုပဲပ ထမဦးစားပေးအဖြစ် အသုံးပြုနေခဲ့ပါတယ်။
လတ်တလောအခြေအနေအရဆိုရင်တော့ နည်းပြဆာရီအနေနဲ့ ဒီလစ်ဂ်ျကို လက်လွှတ်လို ဖွယ်မရှိပေမယ့် ကစားသမားရဲ့စီးရီးအေနဲ့ အံ၀င်ခြင်းမရှိတဲ့ကစားပုံကြောင့် နယ်သာလန်ကလပ်ထံ ပြန်လည်စေလွှတ်ရဖွယ်ရှိနေပါတယ်။
1 year Ago