ဒီလစ်ချ်

August 26, 2019

အဖွင့်ပွဲစဉ် အရန်ခုံထိုင်ခဲ့ရပေမယ့် စိတ်ဓာတ်မကျဟု ဒီလစ်ချ် ပြော

ဥရောပကလပ်အသင်းကြီး တော်တော်များများရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် အီတလီထိပ်သီး ဂျူဗင်တပ်စ်မှာ ကစားဖို့ ရွေးချယ်ခဲ့တဲ့ နယ်သာလန်ကြယ်ပွင့် ဒီလစ်ကတော့ စီးရီးအေ အဖွင့်ပွဲစဉ်မှာတော့ အရန်ခုန်မှာ ထိုင်နေခဲ့ရပါတယ်။ ယူရို ၆၈ သန်းနီးပါးနဲ့ အေဂျက်စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဒီလစ်အတွက် အရန်ခုံမှာ ထိုင်ရဖို့ဆိုတာ တွေးတောင်မတွေးမိခဲ့တဲ့ ကိစ္စဖြစ်တယ်လို့ ကစားသမားကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့ နည်းပြသစ် ဆာရီက နောက်ခံကစားသမားတွေအဖြစ် ဝါရင့်တွေဖြစ်တဲ့ ချီလီနီနဲ့ ဘိုနူချီတို့ကို ပွဲထွက်ကစားစေခဲ့ပြီး ဒီလစ်ကို လူစားလဲတာမျိုးတောင် မရှိခဲ့ပါဘူး။  ဒီလစ်ကတော့ နည်းပြဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး အီတလီမှာ အောင်မြင်တဲ့ နောက်ခံလူဖြစ်လာဖို့ ယုံကြည်မှုရှိနေဆဲ ဖြစ်တယ်ဆိုတာကိုလည်း ပြောကြားခဲ့ပါသေးတယ်။  ဒါ့အပြင် ဘိုနူချီနဲ့ ချီလီနီတို့လို့ ဝါရင့်ကစားသမားကြီးတွေနဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်လာပြီး ကမ္ဘာ့အကောင်းဆုံး တွဲဖက်တွေ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အဖြင့္ပြဲစဥ္ အရန္ခုံထိုင္ခဲ့ရေပမယ့္ စိတ္ဓာတ္မက်ဟု ဒီလစ္ခ်္ ေျပာ ဥေရာပကလပ္အသင္းႀကီး ေတာ္ေတာ္မ်ားမ်ားရဲ႕ စိတ္ဝင္စားျခင္း ခံခဲ့ရေပမယ့္ အီတလီထိပ္သီး ဂ်ဴဗင္တပ္စ္မွာ ကစားဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ နယ္သာလန္ၾကယ္ပြင့္ ဒီလစ္ကေတာ့ စီးရီးေအ အဖြင့္ပြဲစဥ္မွာေတာ့ အရန္ခုန္မွာ ထိုင္ေနခဲ့ရပါတယ္။ ယူ႐ို ၆၈ သန္းနီးပါးနဲ႔ ေအဂ်က္စ္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူ ဒီလစ္အတြက္ အရန္ခုံမွာ ထိုင္ရဖို႔ဆိုတာ ေတြးေတာင္မေတြးမိခဲ့တဲ့ ကိစၥျဖစ္တယ္လို႔ ကစားသမားကိုယ္တိုင္က ဝန္ခံခဲ့ပါတယ္။ အဲ့ဒီပြဲစဥ္မွာေတာ့ နည္းျပသစ္ ဆာရီက ေနာက္ခံကစားသမားေတြအျဖစ္ ဝါရင့္ေတြျဖစ္တဲ့ ခ်ီလီနီနဲ႔ ဘိုႏူခ်ီတို႔ကို ပြဲထြက္ကစားေစခဲ့ၿပီး ဒီလစ္ကို လူစားလဲတာမ်ိဳးေတာင္ မရွိခဲ့ပါဘူး။ ဒီလစ္ကေတာ့ နည္းျပျဖစ္သူရဲ႕ ဆုံးျဖတ္ခ်က္ကို ေလးစားၿပီး အီတလီမွာ ေအာင္ျမင္တဲ့ ေနာက္ခံလူျဖစ္လာဖို႔ ယုံၾကည္မႈရွိေနဆဲ ျဖစ္တယ္ဆိုတာကိုလည္း ေျပာၾကားခဲ့ပါေသးတယ္။ ဒါ့အျပင္ ဘိုႏူခ်ီနဲ႔ ခ်ီလီနီတို႔လို႔ ဝါရင့္ကစားသမားႀကီးေတြနဲ႔ အေကာင္းဆုံးမိတ္ေဆြျဖစ္လာၿပီး ကမာၻ႔အေကာင္းဆုံး တြဲဖက္ေတြ ျဖစ္လာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
2 years Ago
Up