ဒီလစ်

July 20, 2019

စီရော်နယ်ဒိုကြောင့် ဂျူဗီကိုပြောင်းလာခြင်းမဟုတ်ဟု ဒီလစ်ပြော

ခရစ္စတီယာနို ရော်နယ်ဒိုကြောင့် ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ မဟုတ်ဘူးလို့ တူရင်မြေကို ပူပူနွေးနွေးရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကြယ်ပွင့် ဒီလစ်က ပြောကြား လိုက်ပါတယ်။ ဒီလစ်ဟာ ဂျူဗင်တပ်စ်အသင်းကို ပေါင် ၆၇.၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပြီး မကြာသေးခင်က ဂျာဆီအသစ်နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဒီလစ်က သူ့အနေနဲ့ နေးရှင်းလိဂ်ဖိုင်နယ်အပြီးမှာ ရော်နယ်ဒိုရဲ့  ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့လာခဲ့ဖို့ ဖိတ်ခေါ်စကားမတိုင်ခင်ကတည်း အီတလီ ကလပ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၉ နှစ်အရွယ်ကတည်းက အတွေ့အကြုံကောင်းတွေ ရခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ ကစားပြီး အတွေ့အကြုံကောင်းတွေနဲ့ စီနီယာကစားသမားကောင်းတွေ ဆီကနေ သင်ယူစရာတွေ ရှိနေတယ်လို့ ဒီလစ်ကပြောပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး အကောင်းဆုံးပံ့ပိုးပေးတဲ့ အသိုင်းအဝိုင်းဖြစ်သလို အီတလီဟာ နောက်ခံကစားသမားတွေနဲ့ ပတ်သက်ပြီး နာမည်ကြီးခဲ့တာကြောင့် ငယ်ဘဝကတည်းအားပေးခဲ့တဲ့ အသင်းဖြစ်လို့ ဂျူဗင်တပ်စ်အသင်းကိုပဲ စိတ်ဝင်စားခဲ့တာလို့  ပြောပါတယ်။
3 years Ago

July 19, 2019

အေဂျက်ဇ်အသင်းခေါင်းဆောင် နောက်ခံလူ ဒီလစ်ကို ဂျူဗင်တပ် ခေါ်ယူ

အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ အေဂျက်ဇ်အသင်းခေါင်းဆောင် နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင် သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဟော်လန်လက်ရွေးစင် ဒီလစ်ဟာ ပြီးခဲ့တဲ့ အပတ်ကတည်းက သူ့ရဲ့အေးဂျင့်ဖြစ်သူရဲ့ ပြောပြချက်အရ ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့ဖို့ သေချာနေခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဟာ ဇူလိုင် ၁၇ ရက်က အသင်းဆီ လာရောက်ကာ ဆေးစစ်မူပြုလုပ်ခဲ့ပြီး အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီလစ်အတွက် ဂျုဗင်တပ်အသင်းက ပြောင်းရွှေ့ကြေး အဖြစ်ပေါင် ၆၇.၈ သန်း ကနဦး ပေးချေရမယ်လို့ သိရပါတယ်။ ဒီလစ်ကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ မန်ယူနိုက်တက်အသင်းတွေကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြပေမယ့်လည်း ဂျူဗင်တပ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဟာ ဂျူဗင်တပ်အသင်းမှာ တနှစ်လုပ်ခပေါင် ၁၀.၇၅ သန်းအထိ ရရှိမယ်လို့ သိရပါတယ်။
3 years Ago
More News
Up