ဒီရေနှင့် မျောပါ (ရုပ်သံ)

January 20, 2020

အင်္ဂလန်တွင် ကားတစီး ဒီရေနှင့် မျောပါ (ရုပ်သံ)

အင်္ဂလန် ကမ်းရိုးတန်းမှာ ရပ်နားထားတဲ့ ကားတစီးဟာ တရိပ်ရိပ် မြင့်တက်လာတဲ့ ဒီရေနဲ့အတူ ဇန်နဝါရီ ၁၄ ရက်မှာ မျောပါသွားခဲ့ပါတယ်။  ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်ကိုလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။  ဒီဖြစ်ရပ်ဟာ အင်္ဂလန်အနောက်ဘက် ကမ်းရိုးတမ်း ဘလက်ပူးလ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားဟာ ရေနဲ့အတူ မျောပါသွားပြီးတဲ့နောက်မှာတော့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ယာဉ်မောင်းက ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ရေမကျခင်အထိ ဒီကားကို ပြန်လည်ဆယ်ယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။  ကားရေထဲ မျောသွားခဲ့ပေမယ့် ယာဉ်မောင်းကတော့ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က တွစ်တာမှာ ရေးသားထားပါတယ်။  ဇန်နဝါရီ ၁၂ ရက်နေ့ကစလို့ ဗြိတိန်ဟာ ဘရန်ဒန်မုန်တိုင်းဒဏ်ကို ခံခဲ့ရပြီး မုန်တိုင်းကြောင့် ဗြိတိန်အမျိုးသားရာသီဥတုဌာနက သတိပေးချက်များစွာ ထုတ်ပြန်ခဲ့ရပါတယ်။
1 year Ago
Up