ဒီယွန်တေးဝိုင်ဒါ

February 20, 2020

ဖေဖော်ဝါရီ ၂၂ နေ့ ဝိုင်ဒါနှင့် တိုင်ဆန်ဖျူရီတို့ မကျေပွဲ ထိုးမည်

၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးလက်ဝှေ့ပွဲဖြစ်လာမယ့် ဒီယွန်တေးဝိုင်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ ထိုးသတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဆိုရှယ်မီဒီယာတွေကနေတဆင့် စကားလုံးတိုက်ပွဲတွေ ဆင်နွှဲနေခဲ့ပြီး မကျေပွဲ ပြန်လည်ထိုးသတ်တာလည်းဖြစ်လို့ ပိုပြီးတော့ ပြင်းထန်လာဖို့ ရှိနေပါတယ်။ နောက်ဆုံးအဆင့် သတင်းစာရှင်းလင်းပွဲမှာလည်း လက်ဝှေ့ကျော်နှစ်ယောက်ဟာ စကားလုံး တွေနဲ့သာမက ကိုယ်ထိလက်ရောက် အပြန်အလှန်တွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် ဝိုင်ဒါရဲ့ ပြောစကားတချို့ကတော့ ဖျူရီအတွက် အထိနာစေခဲ့ပြီးတော့ ဝိုင်ဒါက တိုင်ဆန်ဖျူရီကို စတွေ့ချိန်မှာ ကိုကင်းစွဲနေတဲ့ ဆေးသမား တယောက်ဖြစ်တဲ့အပြင့် စိတ်ပျက်ဖို့ကောင်းတဲ့ လူတယောက်ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်ဆန်ဖျူရီ အခုလို လက်ဝှေ့လောကမှာ နာမည်တလုံးရလာဖို့အတွက် သူ လုပ်ပေးခဲ့တာလို့ ပြောကြားသွားခဲ့ပါတယ်။
1 year Ago
Up