ဒီမိုကရေစီဖော်ဆောင်ရေး အဓိကနှောင့်ယှက်မှု ၂ ခုရှိဟု ဗိုလ်ချုပ်မှူးကြီးပြော

A d v e r t i s e m e n t With Us

August 8, 2017

ဒီမိုကရေစီဖော်ဆောင်ရေးပူးပေါင်းဆောင်ရွက်ရန် မြန်မာ့တပ်မတော်ကို ဂျပန်တိုက်တွန်း

  ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့   မြန်မာ့တပ်မတော်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုဘာဘေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီဆာဆာကာဝါရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သြဂုတ် ၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းပြောကြားခဲ့တာပါ။ ဂျပန်ဝန်ကြီးချုပ်က “ကျနော်တို့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီေ ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စီးပွားရေးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွတ်နေတာတွေကို များစွာအသိအမှတ်ပြုပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုရေးတို့အတွက် အဆွေတော်ရဲ့ တပ်မတော်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် အဆွေတော် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်စေချင်တယ်” လို့ ဦးစွာပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ဒေသတွင်း တည်ငြိမ်းအေးချမ်းရေးအတွက် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိတဲ့အကြောင်း ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ တိုးမြင့်လာမယ်လို့ ယုံကြည်ပါကြောင်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်မြှင့်တင်နိုင်ရေးအတွက် ပတ်ဝန်းကျင် အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း  ပြည်သူတွေ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းဖြစ်လို့ ပြည်သူတွေရဲ့ ဆန္ဒပြည့်ဝအောင် တပ်မတော်က ခိုင်ခိုင်မာမာ ဖော်ဆောင်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ဂျပန်ဝန်ကြီးချုပ်ကို နှုတ်ဆက်စကားပါးလိုက်ကြောင်း ဦးစွာပြောဆိုခဲ့ပြီး “ဂျပန်ဝန်ကြီးချုပ် ပြောသလို လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ သွားနေပြီဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးကတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးပြီး ဒီမိုကရေစီအခြေခိုင်မှာဖြစ်လို့ ကျနော်တို့ တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ လက်ရှိ အစွမ်းကုန်ကြိုးပမ်းနေပါတယ်”လို့ဆိုခဲ့ပါတယ်။ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့ဟာ သြဂုတ် ၂ ရက်မှ ၇ ရက်အထိ ဂျပန်နိုင်ငံမှာ ရောက်ရှိနေစဉ်အတွင်း ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကတ်ဆူတိုရှီကာဝါနို၊ ဂျပန်နိုင်ငံ ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆို၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ၀ါတာနာဘေး၊  ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၊ ကိုမီတိုပါတီအကြံပေး ရှီရာဟာမာ၊ Daihatsu မော်တော်ကားကုမ္ပဏီ ဥက္ကဋ္ဌ မစ်ဆူအီတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့သလို အသေးစားစက်မှုလုပ်ငန်းတွေနဲ့ မော်တော်ကားစက်ရုံတို့ကို ကြည့်ရှုလေ့လာခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ဂျပန်ဝန်ကြီးချုပ်ရုံး
4 years Ago

March 27, 2016

ဒီမိုကရေစီဖော်ဆောင်ရေး အဓိကနှောင့်ယှက်မှု ၂ ခုရှိဟု ဗိုလ်ချုပ်မှူးကြီးပြော

ဒီမိုကရေစီဖော်ဆောင်ရာမှာ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေတာတွေဟာ အဓိကနှောင့်ယှက် ဟန့်တားမှု နှစ်ခု ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ မတ်လ ၂၇ ရက် ဒီနေ့မှာပြုလုပ်ခဲ့တဲ့ နေပြည်တော်က  ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ တာဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ကို ပြုပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုပါတယ်။ ဒီမိုကရေစီရဲ့သဘောမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စရပ်တွေအတွက် ဆန္ဒမဲပေးရွေးကောက်ပွဲ ကျင်းပပြု လုပ်ခြင်းလည်း ပါဝင်တယ်။ အနိုင်ရသူ၊ အနိုင်ရသူပါတီရှိသလို၊ ရှုံးနိမ့်တဲ့သူ၊ ရှုံးနိမ့်တဲ့ပါတီလည်း ရှိလိမ့်မယ်။ ဒီနေရာမှာ ဥပဒေနဲ့ ညီညွတ်ခြင်း၊ တရားမျှခြင်း ရှိ မရှိ ဆိုတာ ဆန်းစစ်ဖို့လိုလိမ့်မယ်လို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောခဲ့ပါတယ်။
5 years Ago
Up