ဒီမိုကရေစီအရေး

A d v e r t i s e m e n t With Us

June 17, 2019

ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင် ပြန်လွတ်

ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်ဟာ တရားရုံးကို မထီမဲ့မြင် ပြုမှုနဲ့ သီတင်းပတ် ငါးပတ်ကြာ ထိန်းသိမ်းခံရအပြီး ဇွန် ၁၇ ရက်က ထောင်က လွတ်လာပါတယ်။ တရုတ်ပြည်မကြီး အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ် ရာထူးက ဆင်းပေးရေး တောင်းဆိုနေတဲ့ လူထုဆန္ဒပြပွဲမှာ ပူးပေါင်းမယ်လို့ သူက ကတိပေးပါတယ်။ သံသယရှိသူကို မူရင်းနိုင်ငံဆီ လွှဲပြောင်းတရားစီရင်ခွင့်ပြုတဲ့ ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ ဇွန် ၁၆ ရက်နေ့ ချီတက်ပွဲမှာ ဝတ်စုံနက်ဝတ် ဆန္ဒပြသူ အယောက် ၂ သန်းနီးပါး ပါဝင်ဆန္ဒပြခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် ဝေါင်နဲ့သူ့ကို ထောက်ခံသူတွေဟာ သူထောင်မကျခင်တည်းက ဒီဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ ဟောင်ကောင်အစိုးရကို ဆော်သြခဲ့ပါတယ်။ ဝေါင်ဟာ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ ၂၀၁၄ ဟောင်ကောင် ထီးအရေးတော်ပုံ ခေါင်းဆောင်တွေထဲက တယောက်ပါ။ ဗြိတိန်ကနေ တရုတ်ပြည်မကြီး လက်အောက်ကို ပြန်ရောက်တဲ့ ဟောင်ကောင်မှာ ၂၀၁၄ ထီးအရေးတော်ပုံအတွင်း မြို့ရဲ့ အဓိက လမ်းတွေကို ၇၉ ရက်ကြာ ပိတ်ဆို့ဆန္ဒပြခဲ့ပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ဆယ်စုနှစ်တွေအတွင်း အကြီးဆုံး နိုင်ငံရေး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင် အကြီးအကဲ ကယ်ရီလမ်က ဥပဒေမူကြမ်းကို စနေနေ့က ဆိုင်းငံ့ခဲ့ပေမယ့် အပြီးသတ် ရုပ်သိမ်းတာမျိုး မလုပ်သေးပါဘူး။ ကမ္ဘာ့ဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်ရဲ့ အခြေအနေဟာ ဥပဒေစိုးမိုးမှု အပြောင်းအလဲကြောင့် တဖြည်းဖြည်း အခြေအနေ ဆုတ်ယုတ်လာမှာကို ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်နေကြပါတယ်။
2 years Ago
Up