ဒီမိုကရေစီ လှုပ်ရှားသူ

A d v e r t i s e m e n t With Us

May 28, 2020

တရုတ်ချမှတ်မည့်ဥပဒေအတွက် စီးပွားရေးပိတ်သင့်ဟု ဟောင်ကောင်ဒီမိုကရေစီ လှုပ်ရှားသူ ပြော

ဟောင်ကောင်မှာ တရုတ်အစိုးရက ချမှတ်ဖို့ ပြင်နေတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ပြန်ရုပ်သိမ်းအောင် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူ  ဂျိုရှဝါဝေါင်က ပြောလိုက်ပါတယ်။  ဂျိုရှဝါရဲ့ ဒီမှတ်ချက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဟောင်ကောင်အနေနဲ့ အမေရိကန်ဥပဒေအရ အထူးဆက်ဆံမှု အခွင့်အရေးကို မရတော့ဘူးလို့ မေလ ၂၇ ရက်မှာ ပြောပြီးနောက် ပေါ်ထွက်လာတာပါ။  အမျိုးသားလုံခြုံရေးဥပဒေမူကြမ်းရဲ့အောက်မှာ ဟောင်ကောင်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆက်ရှိတော့မှာ မဟုတ်တော့ဘူးလို့လည်း ပွန်ပေအိုက ပြောခဲ့ပါတယ်။  ဟောင်ကောင်ရဲ့ ဥပဒေပြုကောင်စီမှာလည်း မေလ ၂၈ ရက် မနက်ပိုင်းမှာ လွှတ်တော် အမတ်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။  တရုတ်နိုင်ငံတော်သီချင်းကို စော်ကားရင် ရာဇဝတ်မှု ပြစ်ဒဏ်ချမှတ်မယ့် ဥပဒေကြမ်း အကြောင်း ဆွေးနွေးရင်း၊ ဒီမိုကရေစီလိုလားသူ အမတ်နှစ်ဦး ပါလီမန်ခန်းမထဲက ထုတ်ပယ်ခံ ခဲ့ရတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။  တရုတ်နဲ့ အမေရိကန်ဆက်ဆံရေး ပိုဆိုးလာမှာ စိုးရိမ်နေကြလို့ ဟောင်ကောင်ရဲ့ ဟန်ရှန်း စတော့ရှယ်ယာ ညွှန်းကိန်းဟာ ဈေးကွက်ဖွင့်စမှာ ကျဆင်းခဲ့ပါတယ်။  ဟောင်ကောင်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၆၇ ဦး ရှိပြီး ပြန်ကောင်းလာသူက ၁၀၃၄ ဦးနဲ့ သေဆုံးသူက ၄ ဦး ရှိတယ်လို့ သိရပါတယ်။   
9 months Ago
Up