ဟောင်ကောင်ဒေသမှာ တရုတ်အစိုးရ ပြဋ္ဌာန်းမယ့် လုံခြုံရေး ဥပဒေသစ်ကို ဒီမိုကရေစီ ထောက်ခံတဲ့ လွှတ်တော်အမတ်တွေနဲ့ အရပ်ဘက်အဖွဲ့တက်ကြွလှုပ်ရှားသူတွေက မေလ ၂၂ ရက်မှာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒီမိုကရေစီထောက်ခံသူ လွှတ်တော်အမတ် တစ်ဒါဇင် ကျော်နဲ့ တခြားတက်ကြွလှုပ်ရှားသူ တွေဟာ ရဲစခန်းတစ်ခုမှာ စုဝေးခဲ့ပြီးနောက် အနီးဝန်းကျင် ရှိ တရုတ်အစိုးရ ပြည်သူ့ဆက်ဆံရေး ရုံးရှိရာ ချီတက် ကန့်ကွက်ခဲ့ကြပါတယ်။
“ဟောင်ကောင်ဟာ ရှင်းကျန်းပြည်နယ် ဖြစ်လာပြီ” လို့ ကြွေးကြော် ချီတက်ကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပါတယ်။
ပထမတော့ ရဲတွေက ချီတက်သူတွေကို လူစုခွဲဖို့ ပြောခဲ့ပေမယ့် သူတို့ဘယ်သူဘယ်ဝါ ဆိုတဲ့ စာရွက်စာတမ်းတွေကို ပြသပြီးနောက်မှာ ရဲတွေက ၈ ယောက် တဖွဲ့ ချီတက်ခွင့်ပြုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင်လုံခြုံရေးဥပဒေသသစ်ဟာ “တစ်နိုင်ငံ စနစ်နှစ်မျိုး” ကို အဆုံးသတ်သွားစေမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အတိုက်အခံအမတ်တွေနဲ့ အရပ်ဘက်လူမှုရေး အဖွဲ့တွေက ပြောဆိုခဲ့ပါတယ်။
ဒီစနစ်ဟာ ဟောင်ကောင်ကို တရုတ်အစိုးရထံ ပြန်လွှဲပြောင်းချိန်က အာမခံချက် ပေးထားတဲ့ နည်းစနစ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။
8 months Ago