ဒီမိုကရေစီသူရဲကောင်းများ

February 20, 2021

မမြသွဲ့သွဲ့ခိုင်နှင့် ကျဆုံးသွားသည့် ဒီမိုရေစီသူရဲကောင်းများအတွက် ဂုဏ်ပြု

နေပြည်တော်မှာ စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်နဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် လွမ်းသူပန်းခွေချ အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ ဆူးလေ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ပြည်သူတွေက မမြသွဲ့သွဲ့ခိုင်နဲ့ ကျဆုံးသွားတဲ့ ဒီမိုရေစီသူရဲကောင်းတွေအတွက် လက်သုံးချောင်းထောင်ကာ တစ်မိနစ်လောက် ငြိမ်သက်စွာစုရုံးကြပြီး နှင်းဆီပန်းတွေချ ဂုဏ်ပြုခဲ့ကြပါတယ်။

Photo - JPaing / MPA

2 years Ago
Up