ဒီမိုကရေစီကျောက်တိုင်

February 14, 2021

ဘန်ကောက်ဒီမိုကရေစီကျောက်တိုင်ကို အဝတ်စအနီဖြင့် ရစ်ပတ်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဒီမိုကရေစီကျောက်တိုင်ကို အဝတ်စ အနီရောင်နဲ့ရစ်ပတ်ပြီး ဆန္ဒပြခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဘုရင်အား စော်ကားမှု တားမြစ်ပိတ်ပင်တဲ့ ဥပဒေတွေကို ဆန့်ကျင်ဆန္ဒပြသူတွေဟာ ရဲတွေကို သုတ်ဆေးတွေနဲ့ ပက်ခဲ့သလို မီးရှူးမီးပန်းတွေကိုလည်း ပစ်ဖောက်ခဲ့ကြပါတယ်။ 

အဲဒီနောက် ဆန္ဒပြသူတွေက ဒီမိုကရေစီ ကျောက်တိုင်ကနေ ပြန်ဆုတ်ခွာပြီး အဓိက ခေါင်းဆောင်တွေက လူစုခွဲဖို့ ဆော်သြခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ရဲ အရာရှိ အယောက် ၂၀ ကျော် ဒဏ်ရာရပြီး လူ ၈ ယောက် လောက်ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ ရဲပြောခွင့်ရက ဆိုပါတယ်။

မနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း စည်းမျဉ်းခံဘုရင်စနစ်ကို စော်ကားခဲ့တယ်ဆိုတဲ့ ပုဒ်မနဲ့ ဆန္ဒပြ ခေါင်းဆောင် လေးယောက် ဒီသီတင်းပတ်ထဲမှာ အဖမ်းခံရတာကို တုံ့ပြန်ဆန္ဒပြကြတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

2 years Ago
Up