ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း

February 27, 2020

အာဏာရှင်စနစ်ထောက်ခံသူဟု ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်းအချင်းချင်း  စကားစစ်ထိုး

အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်ကလုပ်တဲ့ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း စကားစစ်ထိုးပွဲအတွင်း တဦးကိုတဦး အာဏာရှင်စနစ် ထောက်ခံသူဆိုပြီး စွပ်စွဲပြောကြားခဲ့ပါတယ်။  တရုတ်သမ္မတရှီကို ပြောခဲ့တဲ့ မှတ်ချက်စကားအတွက် နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ဘလွန်းဘာ့ဂ်က ဝေဖန်ခံရသလို ကျူးဘားရဲ့ ပညာရေးစနစ်ကို ချီးကျူးခဲ့တဲ့အတွက် အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါစ်ဟာလည်း အပြစ်တင်ခံရပါတယ်။  သမ္မတရှီဟာ တရုတ်ပေါ်လစ်ဗျူရိုကို တာဝန်ခံရမယ်လို့ ပြောပြီး သူရဲ့ တရုတ်နိုင်ငံဆိုင်ရာ ရပ်တည်ချက်ကို ဘလွန်းဘာ့ဂ်က ကာကွယ်ခဲ့ပါတယ်။  အဲဒီပြောကြားချက်ကို ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။    ဘိုင်ဒင်က တရုတ်သမ္မတ ရှီဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ ခေါင်းဆောင်ဖြစ်ပေမယ့် ညှိနှိုင်းရမယ့်သူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။  အလားတူ ကျူဘားနိုင်ငံက စာတတ်မြောက်ရေးပရိုဂရမ်ကို ချီးကျူးခဲ့တဲ့  ဗားမောင့် အထက်လွှတ်တော်အမတ် ဘာနေဆန်းဒါးစ်ဟာလည်း သမ္မတလောင်း ကိုယ်စားလှယ်တွေ ထိုးနှက်တာကို ရင်ဆိုင်ရပါတယ်။  ဆန်းဒါးစ်က သမ္မတဟောင်း ဘားရက် အိုဘားမားဟာလည်း အလားတူမှတ်ချက်မျိုး ပေးခဲ့ဖူးတယ်ဆိုပြီး သူ့ပြောကြားချက်ကို ကာကွယ်ပြောခဲ့ပါတယ်။
1 year Ago
Up