ဒီမိုကရက်သမ္မတလောင်း

March 10, 2020

ဂျိုးဘိုင်ဒင် အနိုင်ရရန် အထက်လွှတ်တော်အမတ် ၂ ဦးထောက်ခံ

အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်မှာ လုပ်မယ့် ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်း ပြိုင်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရဖို့အတွက် ပြိုင်ဘက်ဟောင်း ကော်ရီဘွတ်ကာနဲ့ ကမ်မလာဟဲရစ်တို့က ဂျိုးဘိုင်ဒင်ကို ထောက်ခံအားပေးခဲ့ပါတယ်။ မတ် ၉ ရက်နေ့က ဒက်ထရိုက်မြို့မှာ လုပ်တဲ့ မဲဆွယ်ပွဲကို ကိုယ်စားလှယ်ဟောင်းနှစ်ဦး လာရောက်ပူးပေါင်းခဲ့ပြီး ဒါဟာ ဒီမိုကရက်ပါတီက ဂျိုးဘိုင်ဒင်နဲ့ တသားတည်းရှိတယ်လို့ ပြသလိုက်တာပါ။  အထက်လွှတ်တော်အမတ် လူမည်းနှစ်ဦးဖြစ်တဲ့ ဘွတ်ကာနဲ့ ဟဲရစ်တို့ရဲ့ ထောက်ခံမှုဟာ ဘိုင်ဒန်ကို မစ်ရှီဂန်ပြည်နယ်နဲ့ တခြားဒေသတွေက  အာဖရိကန်-အမေရိကန် မဲဆန္ဒရှင်တွေရဲ့ အားပေးမှုကို ရစေနိုင်ပါတယ်။ တကယ်လို့ ဂျိုးဘိုင်ဒင် သမ္မတလောင်း ရွေးချယ်ခံရရင် မင်နီဆိုးတာပြည်နယ်က အထက်လွှတ်တော်အမတ် ကလိုဘူခါနဲ့အတူ ဘွတ်ကာနဲ့ ဟယ်ရစ်တို့ကို  ဘိုင်ဒင်နဲ့ တွဲဖက်အရွေးခံမယ့် ပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ မတ် ၁၀ ရက်နေ့ကျရင် မစ်ရှီဂန်နဲ့ တခြားပြည်နယ် ၅ ခုမှာ ဒုသမ္မတဟောင်း ဘိုင်ဒန်နဲ့ အထက်လွှတ်တေ်ာအမတ် ဆန်းဒါးစ်တို့ ဒီမိုကရက်ပါတီ ကိုယ်စားပြုနေရာအတွက် ယှဉ်ပြိုင်ရမှာပါ။ မတ် ၁၀ ရက်နေ့ အကြိုရွေးကောက်ပွဲမှာ အကြီးဆုံးဆုဖြစ်တဲ့ မစ်ရှီဂန် ရွေးကောက်ပွဲမှာ  ဘိုင်ဒန် အနိုင်ရခဲ့ရင် ပြိုင်ဘက် ဆန်းဒါးစ်နဲ့ သူ့မဲဆွယ်ပွဲကို ယိမ်းယိုင်သွားစေလိမ့်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up