ဒီမိုကရက်သမ္မတ

April 9, 2020

ဂျိုးဘိုင်ဒင် အမေရိကန်ဒီမိုကရက်သမ္မတလောင်းဖြစ်လာဖွယ်ရှိ

အမေရိကန်ဒီမိုကရက်သမ္မတ ကိုယ်စားလှယ်လောင်းပြိုင်ပွဲကနေ  ဧပြီ ၈ ရက်မှာ ဘာနေဆန်းဒါးစ် နုတ်ထွက်သွားပြီးနောက် ဒုသမ္မတဟောင်း  ဂျိုးဘိုင်ဒင်ဟာ ဒီမိုကရက်သမ္မတ လောင်းဖြစ်လာဖွယ် ရှိနေပါတယ်။  ပြီးခဲ့တဲ့မတ်လ ၁၇ ရက်က  ဖလော်ရီဒါ၊အရီဇိုးနားနဲ့အီလီနွိုက်စ်ပြည်နယ် အကြိုရွေးကောက်ပွဲတွေမှာ    ဘိုင်ဒင် ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် ဆန်းဒါးစ်ဟာ သူရဲ့မဲဆွယ်ပွဲတွေကို ရပ်ပစ်ဖို့  ဖိအားပေးခံခဲ့ရပါတယ်။   ဆိုရှယ်ဒီမိုကရက် တဦးဖြစ်တဲ့ ဆန်းဒါးစ်က သူဟာ  သမ္မတကိုယ်စားလှယ်လောင်းပြိုင်ပွဲ ယှဉ်ပြိုင်နိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ ဝန်ခံပြီး  ရီပတ်ဘလီကန် သမ္မတ ထရမ့်အပေါ် အနိုင်ရရေးအတွက် ဘိုင်ဒင်နဲ့အတူ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။  ဘိုင်ဒင်ကလည်း ဆန်းဒါးစ်ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး  သမ္မတ ရွေးကောက်ပွဲ အတွက် ကြိုးပမ်းရာမှာ ဆန်းဒါစ်ရဲ့   အကြံဉာဏ်များကို ပေါင်းစပ်ထည့်သွင်းသွားမယ်လို့ ကတိပေး ခဲ့ပါတယ်။    ဘိုင်ဒင်ရဲ့ နောက်ဆုံးပြိုင်ဘက် ဆန်းဒါးစ် ပြိုင်ပွဲက  နှုတ်ထွက်သွားတာဟာ ဒုသမ္မတဟောင်း ဘိုင်ဒင်နဲ့ လက်ရှိ သမ္မတ ထရမ့်တို့အကြား  အိမ်ဖြူတော်ရောက်ရေး ခရီးရှည်ပြိုင်ပွဲကို အစပြု လိုက်တာပဲ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။ 
2 years Ago

March 3, 2020

အမေရိကန် ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း ၂ ဦးပြိုင်ပွဲက နုတ်ထွက်

အမေရိကန် ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း ပီးတ်ဘူတာဂျက်နဲ့ အေမီကိုဘတ်ရှာတို့ဟာ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပြီးနောက်  ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ဆက်ထောက်ခံသွားမယ်လို့ ပြောပါတယ်။ ဒါးလက်စ်မြို့ စားသောက်ဆိုင်မှာ ဘူတာဂျက်က ဘိုင်ဒင်ကို ထောက်ခံကြောင်း ပြသခဲ့သလို လူထုစည်းဝေးပွဲမှာလည်း ကိုဘတ်ရှာက ဘိုင်ဒင်ကို ထောက်ခံစကားပြောခဲ့ပါတယ်။ အောက်လွှတ်တော် အမတ်ဟောင်း ဘတ်တိုအိုရော့ခ်ကလည်း  ဒီမိုကရက်သမ္မတ ကိုယ်စား လှယ်လောင်း ဘိုင်ဒင်ကို ထောက်ခံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တောင်ကယ်ရိုလိုင်းနား အကြိုရွေးကောက်ပွဲမှာ ဘိုင်ဒင် ပထမဆုံးအကြိမ် အောင်ပွဲခံပြီး  မတ်လ ၃ ရက် ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဆန်းဒါးစ်ကို အနိုင်ယူဖို့ သူက ရည်မှန်းထားတာပါ။ ကိုယ့်ကိုယ်ကို ဒီမိုကရက်တစ်  ဆိုရှယ်လစ်တစ်ဦးလို့ ပြောထားတဲ့ ဆန်းဒါးစ်အနေနဲ့  ရီပတ်ဘလီကန် သမ္မတ ထရမ့်ကို အနိုင်မရမှာကို ဒီမိုကရက်အတော်များများက စိုးရိမ်နေပါတယ်။ ဒါပေမဲ့ ဘိုင်ဒင်ကိုယ်တိုင်ဟာလည်း နယူးယောက်မြို့‌တော်ဝန်ဟောင်း ဘီလျံနာသူဌေးကြီး မိုက်ကယ်ဘလွန်းဘာ့ဂ်ရဲ့  စိန်ခေါ်မှုကို ရင်ဆိုင်နေရဆဲပါ။  ဒီမိုကရက်ပါတီအနေနဲ့  သမ္မတ ထရမ့်ကို ရင်ဆိုင်ဖို့  အစွန်းမရောက်သူ တစ်ဦးကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မယ်လို့   မဲဆန္ဒ္ဒရှင်တွေက မျှော်လင့်နေပါတယ်။
2 years Ago
Up