ဒီမိုကရက်တစ်ပါတီ

November 9, 2020

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဖရူဆိုမြို့နယ်တွင်  ၅ နေရာစလုံးအနိုင်ရ

ကယားပြည်နယ်အတွင်းရှိ မဲရုံတွေမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့မနက် ၆ နာရီခွဲအထိ ဆန္ဒမဲတွေ ဆက်လက်ရေတွက်နေဆဲ ဖြစ်ပါတယ်။ မယ်စဲမြို့နယ်က မဲရလဒ်တခုသာ ပြည်နယ်ရုံးကို ရောက်ရှိပါသေးတယ်။ ကျန်မြို့နယ်တွေရဲ့ မဲရလဒ်တွေကတော့ မရောက်သေးပါဘူး။  ကနဦး သိရှိထားတဲ့ရလဒ်အရ ကယားပြည်နယ်ရှိ မဲဆန္ဒမယ် ၃၄ နေရာအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) က ၈ နေရာ၊ ကြံ့ခိုင်ရေးပါတီက ၆ နေရာနဲ့ အန်အယ်လ်ဒီပါတီက နေရာ ၂၀ တို့မှာ အသီးသီး အနိုင်ရနေပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကတော့ ဖရူဆိုမြို့နယ်မှာ ၅ နေရာစလုံးအနိုင်ရရှိပြီး ရှားတောမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မှာ အနိုင်ရရှိထားကြောင်း ဖရူဆို လွှတ်တော်အမတ် ဦးသဲရယ်က ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးကရော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပါ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
2 years Ago
Up