ဒီမိုကရက်

February 7, 2019

သမ္မတ ထရမ့်၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များ၏ အမြင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ ပတ်သက်ပြီး ပါတီနှစ်ရပ်က လွှတ်တော်အမတ်တွေ သူတို့အမြင် အသီးသီးကို ဖေဖော်ဝါရီ ၅ ရက်နေ့က ပြောကြပါတယ်။ တက္ကဆက်ပြည်နယ် ဒီမိုကရက်အမတ် ရှီလာ ဂျက်ဆင်လီက “အားလုံး အတူတူ အလုပ်လုပ်ဖို့ အချိန်တန်ပါပြီ။ နိုင်ငံခြားရေးဝါဒနဲ့ ပတ်သက်ရင် ကင်ဂျုံအန်းဟာ တကယ်ထိရောက်တဲ့ ညှိနှိုင်းရေးမှူး ဖြစ်မှာလားဆိုတာကို လွှတ်တော်အမတ်တချို့က မေးခွန်းထုတ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ မေရီလန်းပြည်နယ် ဒီမိုကရက်အမတ် ဂျေမီရက်စ်ကင်ကတော့ “အရေးကြီးပြဿနာ ဖြစ်နေတဲ့ ရာသီဥတု ပြောင်းလဲမှုကိစ္စနဲ့ အမေရိကန်နိုင်ငံသားတွေ သေနတ်ကိုင် အကြမ်းဖက်တာကြောင့် လူသောင်းနဲ့ချီပြီး သေဆုံးရတဲ့အကြောင်းကို သမ္မတ ထရမ့် ပြောမသွားဘူး” လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ မစ်ဇူရီပြည်နယ် ရီပတ်ဘလစ်ကန်အမတ်ဖြစ်သူ အန်းဝဂ်နာက “သမ္မတထရမ့်ရဲ့ စည်းလုံးရေး မိန့်ခွန်းကနေ တရားရုံးဆင့်ခေါ်စာတွေ၊ စုံစမ်းရေးတွေ၊ စတန့်ထွင် စုံစမ်းရေးနဲ့ ပါတီတခုတည်းကို ထောက်ခံတဲ့ နိုင်ငံရေးအဖြစ် ပြောင်းသွားမှာကို အမေရိကန်ပြည်သူတွေ  စိတ်ပျက်နေကြတယ်” လို့ ပြောပါတယ်။ လွှတ်တော်အတွင်း အမျိုးသမီး အမတ်အရေအတွက် စံချိန်တင် များပြားလာတာကိုလည်း သမ္မတ ထရမ့်က မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖေဖော်ဝါရီ ၅ ရက်က ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းအတွင်း နယ်စပ်လုံခြုံရေး၊ ကိုယ်ဝန်ဖျက်ချမှု တားမြစ်ရေးနဲ့ စီးပွားရေး အကြောင်းအရာတွေကို အလေးထား ပြောသွားခဲ့ပါတယ်။
2 years Ago
Up